DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းအတွင် ​ဒေသန္တရ​ရေနံချက်​ဖိုဇုန်တခု​ တည်​​ထောင်​​ပေးရန်​ တောင်းဆို
DVB
·
September 17, 2018
မကွေးတိုင်းအတွင် ​ဒေသန္တရ​ရေနံချက်​ဖိုဇုန်တခု​ တည်​​ထောင်​​ပေးရန်​ တောင်းဆို
1 / 5
Donate to DVB

မ​ကွေးတိုင်း​ဒေသကြီးအတွင်းမှာ အ​သေးစား​ရေနံချက်​စက်ရုံလုပ်​ငန်း လုပ်​ကိုင်​ဖို့ အခက်​​တွေ့​နေကြတာကြောင့် ​ဒေသန္တရ​ ရေနံချက်​ဖိုဇုန်​တခု တည်​​ထောင်​​ပေးဖို့​ မြိုင်​မြို့နယ်​ ​ဒေသခံ​တွေ တောင်းဆိုခဲ့ကြပါတယ်။

မြိုင်​မြို့နယ်​ ​ဒေသခံ ဦးသန့်​ဇင်​က "ဒီ​ဒေသမှာ တရားဝင်​​ရေနံချက်​ဖိုမရှိတဲ့ အတွက်​ ​ဈေးကွက်​ချုပ်​ကိုင်​မှုနဲ့ ​ဈေးနှိမ်​တာ​တွေခံ​နေရပြီး ​ရေနံစိမ်းလုပ်​ငန်းလုပ်​ကိုင်​သူ​တွေ ထိုက်​သင့် သ​လောက်​ အကျိုးအမြတ်​မရရှိကြဘူး။ ​ရေနံတွင်းတ​​တွင်းရဲ့ကုန်​ကျစရိတ်​က သိန်း​ ၄၀၀ ကျပ်​​လောက်​ကုန်​ကျပြီး အစုအဖွဲ့နဲ့ လုပ်​ကြတာပါ။ ​ဒေသန္တရ ချက်​ဖိုနဲ့ ​ရေနံချက်​စက်​ရုံ အများကြီးကွာခြားပါတယ်​။ စက်​ရုံတည်​​ဆောက်​ဖို့ သိန်း​ပေါင်း ၅ ​သောင်း​က​နေ သိန်း ၇ ​​သောင်းကျပ်​ထိ ကုန်​ကျမှာဖြစ်​ပြီး အများစုအ​နေနဲ့ မရင်းနှီးနိုင်​ဘူး။ စက်ရုံက အမြဲတမ်း လည်​ပတ်​​နေဖို့ လိုအပ်​ပြီး ​ရေနံလက်​ယက်​တွင်းတိမ်​ဖြစ်​တဲ့အတွက်​ ထွက်​ရှိမှု အ​ပြောင်းလဲရှိနိုင်​လို့ ကုန်​ကြမ်းပိုင်းမှာ ​သေချာမှုမရှိဘူး။ စက်​ရုံတည်​တဲ့ အရင်းနှီးနဲ့ ကုန်​ကြမ်း မရရှိနိုင်​ရင်​ဆုံးရှုံးမှုတန်​ဖိုး ကြီးမားမယ်​။ အခြားတိုင်း​ဒေသကြီး​တွေလို ​ဒေသနဲ့ကိုက်​ညီတဲ့ ​ဒေသန္တရ ချက်​ဖိုချက်​လုပ်​ချင်​​နေကြတာပါ" လို့ ဒီဗွီဘီကို ​ပြောပါတယ်​။

ဒေသခံ ဦးမြသန်းက "​ရေနံစိမ်း ကုန်​ကြမ်းလုပ်​တဲ့အတွက်​ အမြတ်​အစွန်းကို ပြည့်မီအောင်​မရကြဘူး။ သဘာဝပတ်​ဝန်းကျင်​ထိခိုက်​မှုမရှိ​အောင်​ ​ရေနံ​ချေးနဲ့ အခြား​ စွန့်​ပစ်​ပစ္စည်းက​နေထုတ်​တဲ့ ​လောင်​စာ​တောင့်​တွေကို အသုံးပြုသွားမှာပါ။ စက်​ရုံလုပ်​ကိုင်​ဖို့ အရင်းနှီး မလိုက်​နိုင်​တဲ့အတွက်​ မုံရွာလိုမျိုး ​ဒေသန္တရ ချက်​ဖို လုပ်​ကိုင်​ခွင့် ရချင်​ပါတယ်​” လို့ ပြောပါတယ်။

မြိုင်​​ဒေသခံ ကိုနန္ဒမြင့်က "သယ်​ယူစရိတ်​ ​မြောက်​များစွာ အကုန်​ကျခံပြီး မုံရွာ​ကျောက္ကာ ​ရေနံချက်​ဖို​တွေကို ပို့​ဆောင်​​နေရတယ်​။ ချက်​ဖိုလုပ်​ငန်း တရားဝင်​ခွင့်ပြု​ပေးမယ်​ဆိုရင်​ ယခင်​ ထမ်း​ဆောင်​​နေတဲ့ အခွန်​အပြင်​ သတ်​မှတ်​တဲ့ အခွန်​အခကိုလည်း တာဝန်​​ကျေ​အောင်​ ထမ်း​ဆောင်​မှာပါ။ ချက်​ဖိုလုပ်​ငန်းက ​နိုင်​ငံ​တော်​နဲ့တိုင်း​ဒေသကြီးအတွက်​ အခွန်​ဝင်​​ငွေ​တွေ တိုးလာမယ့်အပြင်​ ​ဒေသအတွက်​ အလုပ်​အကိုင်​ အခွင့်လမ်း​ကောင်း​တွေ ရရှိပြီး ဝင်​​ငွေ​တွေ​ ကောင်းလာမှာပါ။ ​ဒေသထွက်​​ရေနံ​တွေကို ကုန်​​ချောအဖြစ် ​ထုတ်​လုပ်​နိုင်​ရင်​ ​လောင်​စာဆီ ​ဈေးနှုန်း မြင့်တက်​မှုကို အကာကွယ်​​ပေးမဲ့အပြင်​ နိုင်​ငံခြားထွက်​​ငွေလည်း ​လျော့နည်းသွားမယ်​" လို့​ပြောပါတယ်​။

ချက်​ဖိုလုပ်​ကိုင်​ဖို့ အမှန်​တကယ်​လုပ်​ကိုင်​လိုသူ လူဦး​ရေ ၁၀၀၀ ​​လောက်​ရှိ​နေပြီး လူဦး​ရေ ၁၀၀ လောက်​ လက်​မှတ်​ထိုးပြီး စွမ်းအင်​ဝန်​ကြီးဌာနကို တင်​ပြသွားမယ်​လို့ ​ဆိုပါတယ်​။

လျှပ်​စစ်​နဲစွမ်းအင်​ဝန်​ကြီးဌာန မြန်​မာ့​ရေနံနဲ့ ဓာတု​ဗေဒလုပ်​ငန်းက အ​သေးစား​ ရေနံချက်​လုပ်​ငန်း (Mini Refinery) လုပ်​ကိုင်​လိုသူ​တွေကို လိုင်​စင်​​လျှောက်​လွှာ​ခေါ်ယူ နေတယ်​လို့ သိရပါတယ်​။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013