DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းဖြစ်နေ၊ ၄၈ နာရီအတွင်း မုန်တိုင်းဖြစ်နိုင်
DVB
·
September 17, 2018
ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းဖြစ်နေ၊ ၄၈ နာရီအတွင်း မုန်တိုင်းဖြစ်နိုင်
Donate to DVB

ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေပြီး အနောက်တောင်မုတ်သုံလေဦးထဲမှာ မုန်တိုင်းဖြစ်ဖို့ အလားအလာရှိနေတယ်လို့ မိုးလေ၀သ ပညာရှင် ဒေါက်တာဦးထွန်းလွင်က ဒီမနက်  ခန့်မှန်းထုတ်ပြန်ပါတယ်။

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ ဆက်စပ်နေတဲ့ အလယ်ပိုင်းရေပြင်ပေါ်မှာ လေဖိအားနည်းရပ်ဝန်းတခုဖြစ်ပေါ်နေပါတယ်၊ မြေပြင်အထက်ပေ ၅၀၀၀ အမြင့်မှာ တိုက်ခတ်နိုင်တဲ့ လေခန့်မှန်းမှုမှာလည်း လေစိုင်ဝဲတခု ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားပင်လယ်အော်ထဲမှာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်နိုင်တဲ့ အလားအလာကြိုတင်ခန့်မှန်းချက်မှာလည်း  ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာ နောက် (၄၈) နာရီအတွင်း မုန်တိုင်းဖြစ်ဖို့ အလားအလာတွေရှိနေတယ်လို့လည်း ခန့်မှန်းထားပါတယ်။

အနောက်တောင်မုတ်သုံလေ ဆုတ်ခွာနေတဲ့ကာလဖြစ်လို့ မုတ်သုံလေဦးဟာလည်း ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းကို ရောက်ရှိနေတဲ့ကာလဖြစ်လို့ မုတ်သုံလေဦးထဲမှာ မုန်တိုင်းတလုံးဖြစ်လာဖို့ အလားအလာတွေရှိနေပြီလို့ ဦးထွန်းလွင်က သုံးသပ်ပါတယ်။

မိုးဇလဌာနကတော့ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုး တန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်တယ်လို့  ဒီမနက်ထုတ်ပြန်ပါတယ်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်တယ်၊ ကျန်မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမယ်လို့ ဆိုပါတယ်။

လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၇ ပေမှ ၉ ပေလောက်နဲ့ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာတော့ ၃ ပေမှ ၆ ပေခန့် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ မုတ်သုံလေ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာတော့ မုတ်သုံလေ အားနည်းနေတယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်း၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြား၊ ပဲခူး၊ ရန်ကုန်နဲ့  ဧရာဝတီတိုင်းဒေသကြီးတို့မှာ နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့   ပြည်နယ်နဲ့တိုင်တွေမှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်မိုးကြီးနိုင်တယ်လို့လည်း မိုးဇလက ခန့်မှန်းထား ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013