DVB Logo
Home
မြန်မာသတင်း
မောင်တောနှင့် ဘူးသီးတောင်တွင် ၂၀၁၈ နှစ်ကုန်ပိုင်း ၂၄ နာရီ လျှပ်စစ်မီး ဖြန့်ဝေမည်
DVB
·
September 17, 2018
မောင်တောနှင့် ဘူးသီးတောင်တွင် ၂၀၁၈ နှစ်ကုန်ပိုင်း ၂၄ နာရီ လျှပ်စစ်မီး ဖြန့်ဝေမည်
Donate to DVB

ရခိုင်ပြည်နယ် မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ ၂၀၁၈ နှစ်ကုန်ပိုင်းမှာ လျှပ်စစ်မီး ၂၄ နာရီ ဖြန့်ဝေပေးတော့မယ်လို့ လျှပ်စစ်အင်ဂျင်နီယာမှူးက ပြောပါတယ်။

ဘူးသီးတောင်မြို့နယ် ကျေးရွာပေါင်း ၁၁ ရွာကို အောက်တိုဘာလထဲနဲ့ မောင်တောမြို့နယ် ကျေးရွာ ၁၅ ရွာကိုတော့ ဒီဇင်ဘာလထဲမှာ လျှပ်စစ်မီး ၂၄ နာရီ ဖြန့်ဝေပေးသွားမယ်လို့ မောင်တောခရိုင် လျှပ်စစ်အင်ဂျင်နီယာမှူး ဦးဟိန်းမိုးထက်က ပြောပါတယ်။

ရသေ့တောင်-ဘူသီးတောင် ၃၃ မိုင်အတွင်း လျှပ်စစ်တာဝါတိုင် ၁၅၁ တိုင် တည်ဆောက်ပြီးစီးသွားပြီး ၁၆ မိုင်အထိ ကြိုးသွယ်တန်းပြီးနေပြီလို့ ဆိုပါတယ်။

ဘူးသီးတောင် လျှပ်စစ်ဓာတ်အားခွဲစက်ရုံ တည်ဆောက်မှုကလည်း ၈၅ ရာခိုင်နှုန်း ပြီးစီးနေပြီး ၂၀၁၈ အောက်တိုဘာမှာ ဘူးသီတောင်မြို့နယ်အတွင်း ၁၀ မိုင်ပတ်လည်အတွင်း ကျေးရွာပေါင်း ၁၁ ရွာကို လျှပ်စစ်ဓာတ်အား ဖြန့်ပေးသွားမယ်လို့ ဦးဟိန်းမိုးထက်က ပြောပါတယ်။

ဘူးသီးတောင်-မောင်တော ၉ မိုင်မှာ လျှပ်စစ်တာဝါတိုင် ၃၈ တိုင် တည်ဆောက်ရမှာဖြစ်ပြီး ဒီနေ့အချိန်အထိ တာဝါတိုင်ဖောင်ဒေးရှင်း ၂၄ ခုပြီးစီကာ တာဝါတိုင် ၅ တိုင် ထောင်ပြီးသွားပြီလို့ ဆိုပါတယ်။

မောင်တော လျှပ်စစ်ဓာတ်အားခွဲစက်ရုံကတော့ ၄၀ ရာခိုင်နှုန်း တည်ဆောက်ပြီးစီးနေပြီး ၂၀၁၈ ဒီဇင်ဘာလမှာ ၁၀ မိုင်ပတ်လည် ကျေးရွာပေါင်း ၁၅ ရွာကို လျှပ်စစ် စတင်ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်း လျှပ်စစ်မီးရရှိရေးကိုတော့ ၂၀၁၈/၁၉ မှာ ဂျိုက်ကာပရောဂျက်နဲ့ အကောင်ထည်ဖော်သွားမှာဖြစ်ပြီး အခု တင်ဒါတွေ စခေါ်တော့မယ်လို့ သိရပါတယ်။

လျှပ်စစ်ဓာတ်အားကိုလည်း မောင်တောမှတဆင့် ကြိမ်ချောင်းကို သယ်ယူမှာဖြစ်ပြီး ကြိမ်ချောင်းကနေ ၄၂ မိုင်အတွင်း ကျေးရွာ ၁၆ ရွာကို ဖြန့်ပေးမယ်လို့ သိရပါတယ်။

လျှပ်စစ်မီတာတွေကိုလည်း ကျေးလက်သုံး၊ မြို့နယ်သုံး၊ မြို့ကြီးသုံးဆိုပြီး ခွဲခြား ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။ မီတာအရေအတွက်ကတော့ လိုအပ်တဲ့ အိမ်ထောင်စုတွေ အားလုံးကို ပေးသွားမှာဖြစ်ပြီး မီတာခကိုတော့ နိုင်ငံတော်ကသတ်မှတ်တဲ့ နှုန်းအတိုင်းသာ ကောက်ခံသွားမယ်လို့ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - ဗညား

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013