DVB Logo
Home
မြန်မာသတင်း
မုံရွာစက်မှုဇုန်ရှိ ပဲကြော်ဖို မီးလောင်
DVB
·
September 16, 2018
မုံရွာစက်မှုဇုန်ရှိ ပဲကြော်ဖို မီးလောင်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်၊ နယ်မြေ ၆၊ နွယ်သာကီလမ်းရှိ စိန်ကြယ် မြေပဲကြော်လုပ်ငန်းမှာ စက်တင်ဘာ ၁၆ ရက်နေ့ နေ့လယ်ပိုင်း မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

အမျိုးသား ၃ ယောက်၊ အမျိုးသမီး ၇ ယောက် ပဲကြော်နေချိန်မှာ မီးပွားကတဆင့် မီးလောင်မှုဖြစ်ခဲ့တာဖြစ်ပြီး အဆောက်အဦ မီးလောင်ဆုံးရှုံးခဲ့ပေမယ့် လူတွေတော့ ထိခိုက်ဒဏ်ရာ မရရှိခဲ့ဘူးလို့ သိရပါတယ်။

ပဲကြော်ဖို တာဝန်ခံ ဦးနောက်တိုးက “အခန်း ၃ ခန်းရှိတာ။ အလယ်ခန်းရဲ့ ခေါင်မှာ မီးလောင်နေတာ။ ကပ်မီးစ အောက်ကို ပြုတ်ကျလာတာကို ပဲဖိုကကလေးတယောက်ကမြင်ပြီး ခြေထောက်နဲ့ နင်းသတ်နေတာမြင်လို့ အပေါ်မော့ကြည့်မှ မီးလောင်နေတာတွေ့တာ” လို့ ပြောပါတယ်။

မီးလောင်မှုကြောင့် ကပ်မိုး၊ တိုင်ထောင် ၃ ခန်းတွဲအဆောက်အဦ မီးလောင်ဆုံးရှုံးခဲ့ပြီး စုစုပေါင်း မီးလောင်ဆုံးရှုံးမှု ကျပ် ၂၃၅၀၀၀ ရှိခဲ့တယ်လို့ သိရပါတယ်။ မီးစတင်လောင်ကျွမ်း တာက ၁ နာရီ ၂၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ပြီး နာရီဝက်ခန့်အကြာ မီးသတ်အင်အား ၁၅၀ နဲ့ ရပ်ကွက်နေပြည်သူတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ လူမှုကူညီရေးအသင်းအဖွဲ့တွေက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြတာပါ။

မုံရွာခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှုး ဦးညီညီဇော်က “ဒီနှစ်ထဲတော့ မုံရွာမြို့နယ်မှာ မီးလောင်မှုအကြိမ်ရေ ၃၀ ရှိသွားပြီ။ အခုလည်း ရာသီဥတုက ပူတဲ့အချိန်နဲ့ ကပ်ပေါ်မီးပွားကျတဲ့အချိန် မီးလောင်သွားတာ။ ပဲကြော်ဖိုက ထင်းသုံးတာဆိုတော့ မီးခိုးခေါင်းတိုင်ကနေ မီးပွားက အမိုးပေးလွင့်ပြီး လောင်ခဲ့တာ။ အခုအချိန်က ပူလာလိုက်၊ အေးလာလိုက်နဲ့ မီးသုံးစွဲသူတွေကို သတိထားသုံးစွဲကြဖို့ သတိပေးချင်ပါတယ်။”လို့ ပြောပါတယ်။

မီးလောင်ရာကို တိုင်းအစိုးရအဖွဲ့က လျှပ်စစ်/လမ်းပန်းဝန်ကြီး ဦးသန်းညွန့်ဝင်းလည်း လာရောက်ကြည့်ရှု စစ်ဆေးကြည့်ရှုခဲ့ပါသေးတယ်။ လက်ရှိမှာတော့ ပဲကြော်ဖို မီးလောင်တာနဲ့ပတ်သက်ပြီး တာဝန်ရှိသူကို မုံရွာနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013