DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းတွင် ပဲစင်းငုံ၊ မတ်​ဘဲ ​ဈေးကွက်​ပျက်​၍ ဝါစိုက်​​တောင်​သူ များပြားလာ
DVB
·
September 16, 2018
မကွေးတိုင်းတွင် ပဲစင်းငုံ၊ မတ်​ဘဲ ​ဈေးကွက်​ပျက်​၍ ဝါစိုက်​​တောင်​သူ များပြားလာ
Donate to DVB

မ​ကွေးတိုင်းမှာ ပြီးခဲ့တဲ့နှစ်​က ပဲစင်းငုံ၊ မတ်​ပဲ ​ဈေးကွက်​ပျက်​ခဲ့တဲ့အတွက်​ အခု စိုက်​ပျိုးရာသီမှာ ဝါစိုက်​ပျိုးမှု များပြာလာ​နေတာလို့ မ​ကွေးတိုင်း​ဒေသကြီး စိုက်​ပျိုး​ရေး ဦးစီးဌာန ညွန်​ကြား​ရေးမှူးက ​ပြောပါတယ်။

ညွှန်​ကြား​ရေးမှူး ဦးခင်​​မောင်​ဝင်းက ပဲစင်းငုံအစား ဝါ၊ ​ပြောင်းဖူး၊ ​နေကြာ အစားထိုး စိုက်​ပျိုးဖို့ ပညာ​ပေးခဲ့တဲ့အတွက်​ ​တောင်​သူ​တွေ ဝါသီးစိုက်​ပျိုးဖို့ စိတ်​ဝင်​စားမှု များပြား လာတာလို့ ​ပြောပါတယ်​။

"မိုးကြို ချည်​မျှင်​ရှည်​ဝါ၊ မိုး​နှောင်​ချည်​မျှင်​ရှည်​ဝါ၊ မလှိုင်​ဝါ ဝါကြီးအပြင်​ အိန္ဒိယက တင်​သွင်းတဲ့ စပ်​မျိုးကိုလည်း စိုက်​ပျိုးကြတာပါ။ ယခင်​က အစိုးရပိုင်​ ဝါကြိတ်​စက်​ရုံ​တွေက​နေ ကုန်​ကြမ်းနဲ့ ဝါ​စေ့ထုတ်​လုပ်​ပြီး လက်​ရှိအချိန်​မှာ ရပ်​နားထားရပြီး ပုဂ္ဂလိကလုပ်​ငန်းရှင်​​တွေကို ​ရောင်းချ​နေကြတာပါ။ ယခင်​နှစ်​က ဝါ ၁ ပိဿာကို အနည်းဆုံး ၁၂၀၀ ကျပ်​ထိ ​ရောင်းချရပါတယ်​။ ပြည်​တွင်းမှာ အ​ရေအ​သွေးပြည်​မီတဲ့ တန်​ဖိုးမြင့် ကုန်​​ချောထုတ်​နိုင်​မယ်​ ဆိုရင်​ နိုင်​ငံခြားထွက်​​ငွေ​ လျော့နည်းသွားပြီး အလုပ်​အကိုင်​ အခွင့်အလမ်း​တွေရရှိကာ ဝါစိုက်​​တောင်​သူ​တွေအတွက်​ အများကြီး အ​ထောက်​အကူဖြစ်​မယ်။”

အထက်​မင်းလှမြို့နယ်​က တောင်​သူ ဦး​ဇော်​ကြီးက ၀ါကို ၇ လပိုင်း၊ ၈ လပိုင်းတွေမှာ အဓိက စိုက်​ပျိုးကြတယ်​လို့ ပြောပါတယ်။

“စိုက်​ပျိုး​ရေးဌာန က​ပေးတဲ့ ​ရွှေ​တောင်​ ၈၊ ​ငွေချည်​ ၉ တို့ကို အဓိကထားစိုက်​ပျိုးကြတယ်​။ ၁ ​ဧကကို ပိဿာ ၉၀၀ေ​လာက်​ထွက်​တယ်​။ အရင်​သုံး​လေးနှစ်​​လောက်​က ၁ ​ပိဿာ ၇၀၀ ကျပ်​​လောက်​ပဲ ရတဲ့အတွက်​ သိပ်​အဆင်​မ​ပြေဘူး။ အခုနှစ်​မှာ တရုတ်​ဝယ်​လက်​ရှိတဲ့အတွက်​ ၁ ပိဿာကို ၁၃၀၀ ကျပ်​​လောက်​ရတဲ့အတွက်​ ​တောင်​သူ​တွေ အဆင်​​ပြေပြီး ဝါစိုက်​ပျိုးဖို့ ပိုမို စိတ်​ဝင်​စားလာကြတာ” လို့ ​ပြောပါတယ်​။

မ​ကွေးတိုင်းအတွင်း ဝါစိုက်​ပျိုးဧက ၁၈၀၀၀၀ လောက်​ရှိတဲ့ထဲက အခုလအထိ ဧက ၉ သောင်း လောက်စိုက်ပျိုးပြီးစီးသွားပြီဖြစ်ပြီး နတ်​​မောက်​၊ စလင်း၊ ဆင်​​ပေါင်​ဝဲ မြို့နယ်​​တွေမှာ အများဆုံး စိုက်​ပျိုးတယ်​လို့ ညွှန်မှူးက ပြောပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013