DVB Logo
Home
Lead Story
ဝင်ငွေအများဆုံးဖြင့် ထိပ်ဆုံးရပ်တည်နေသည့် The Predator ဇာတ်ကား (နမူနာကြည့်ရန်)
DVB
·
September 16, 2018
ဝင်ငွေအများဆုံးဖြင့် ထိပ်ဆုံးရပ်တည်နေသည့် The Predator ဇာတ်ကား (နမူနာကြည့်ရန်)
Donate to DVB

တခြားကမ္ဘာက ဂြိုဟ်သားတွေအကြောင်း ရိုက်ကူးထားတဲ့ “The Predator” ဇာတ်ကားဟာ စက်တင်ဘာ ၁၆ ရက်နေ့မှာကုန်ဆုံးတဲ့ တပတ်တာကာလအတွင်း ဝင်ငွေဒေါ်လာ ၂၉ သန်းနဲ့ ဝင်ငွေအကောင်းဆုံးဇာတ်ကားများစာရင်းမှာ ထိပ်ဆုံးနေရာ ရောက်ရှိနေတယ်လို့ box office ဝက်ဘ်ဆိုဒ် boxofficemojo.com မှာဖော်ပြပါတယ်။

မျိုးရိုးဗီဇဆိုင်ရာ အဆင့်မြှင့်တင်မှုတွေကြောင့် အရင်ကထက် ပိုမိုအစွမ်းထက် ကြောက်စရာကောင်းလာတဲ့ တခြားကမ္ဘာက ဂြိုဟ်သားတွေ ကမ္ဘာမြေပေါ် ပြန်လည်ရောက်ရှိလာပုံကို ကောင်လေးတယောက်က မတော်မဆတွေ့ရှိသွားပုံနဲ့ ဒီဇာတ်ကားကို အစပျိုးထားတာပါ။

ဒီဇာတ်ကားမှာ လူသားမျိုးနွယ်စုတွေကို ကမ္ဘာမြေပေါ်ကနေ အပြီးတိုင် ဖယ်ရှားမယ့် ရန်သူတွေရဲ့ အန္တရာယ်ကနေ စစ်သားဟောင်းတွေနဲ့ ဇီဝဗေဒပညာရှင်တဦးတို့ ပါဝင်တဲ့အဖွဲ့က ဘယ်လိုတားဆီး ကာကွယ်မလဲဆိုတာကို စိတ်ဝင်စားစရာ ကောင်းအောင် ကြည့်ရှုရမှာဖြစ် ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ ရှိန်းဘလတ်က ရိုက်ကူးထားတာဖြစ်ပြီး ဘွိုက်ဟောဘရွတ်၊ ထရီဗန့်ရုနဲ့ ဂျာကော့ထရမ်ဗလေတို့က အဓိက ပါဝင်သ``ရုပ်ဆောင်ထားပါတယ်။

“The Predator” ရဲ့နောက်မှာ horror အမျိုးအစားရုပ်ရှင်းကားဖြစ်တဲ့ “The Num” ရုပ်ရှင်ကားက ဒုတိယဝင်ငွေအကောင်းဆုံးဇာတ်ကားအဖြစ် ဆက်လက်ရပ်တည်နေပါတယ်။ Warnar Bros က ထုတ်လုပ်ထားတဲ့ ဒီဇာတ်ကားဟာ ဝင်ငွေ ဒေါ်လာ ၁၈ ဒသမ ၅ သန်း ရရှိထားတာကြောင့် ဒုတိယနေရာကို ဆက်ထိန်း ထားနိုင်တာပဲဖြစ်ပါတယ်။

တတိယနေရမှာ ရပ်တည်နေတာကတော့ “A Sample Favor” ဇာတ်ကားက ရပ် တည်နေပါတယ်။ အန်နာကန်းဒရစ်နဲ့ ဘလိတ်လစ်ဗ်လေတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Thriller အမျိုးအစား ဒီဇာတ်ကားဟာ ဝင်ငွေဒေါ်လာ ၁၇ သန်းရရှိထားတာပဲဖြစ်ပါတယ်။

နံပါတ်လေးနေရာမှာ ရပ်တည်နေတာကတော့ “Crazy Rich Asians” ဇာတ်ကားပါ။ နာမည်ကြီး ဒီဇာတ်ကားဟာ စထွက်ကတည်းက ဝင်ငွေဒေါ်လာ သန်း ၁၄၀ လောက်ရရှိထားတာဖြစ်ပြီး အခုသီတင်းပတ်မှာ ဒေါ်လာ ၈ ဒသမ ၉ သန်း ထပ်မံရရှိခဲ့တာကြောင့် စုစုပေါင်းဝင်ငွေက သန်း ၁၅၀ နီးပါးအထိ မြင့်တက်လာခဲ့ပါတယ်။

နံပါတ်ငါးနေရာမှာ ရပ်တည်နေတာကတော့ မကြာသေးခင်ကမှ အသစ်ထွက်ရှိထားတဲ့ “White Boy Rich” ဇာတ်ကားပဲဖြစ်ပါတယ်။ FBI အတွက် သတင်းပေးတယောက်ဖြစ်လာတဲ့ ဆယ်ကျော်သက်အရွယ် လူငယ်လေးတစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးပုံဖော်ထားတာပါ။ ဒီဇာတ်ကားမှာ မက်သရူးမက်ကော်နက်ဟေးက သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားကတော့ ဝင်ငွေ ဒေါ်လာ ၈ ဒသမ ၆ သန်း ရရှိထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013