DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ညီလာခံကျင်းပ
DVB
·
September 16, 2018
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ညီလာခံကျင်းပ
1 / 3
Donate to DVB

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)ရဲ့ ၁၁ မြောက်ကြိမ်ညီလာခံကို ကရင်ပြည်နယ် ဘားအံခရိုင်အတွင်းရှိ မကဒတ ဗဟိုဌာနချုပ် ဖြစ်တဲ့ ဒေါင်းတမာန်စခန်းမှာ ကျင်းပပြုလုပ်နေပါတယ်။

ကျောင်းသားတပ်မတော်ရဲ့ ၁၁ ကြိမ်မြောက် ညီလာခံကို  စက်ဘာလ ၁၅ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ကျင်းပနေပြီး ညီလာခံကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်သုံးသပ်တဲ့ အစီအစဉ်တွေကိုလည်း ပြုလုပ်နေပါတယ်။

ညီလာခံကနေ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အထွေထွေ အတွင်းရေးမှူး၊ အတွင်းရေးမှူး (၁) (၂)အပြင် ဗဟိုအလုပ် အမှုဆောင်တွေ၊ ဗဟိုကော်မတီနဲ့ အရန်ဗဟိုကော်မတီတွေကို ပြန်လည်ရွေးချယ် တင်မြောက်သွားမယ်လို့ သိရပါတယ်။

အေဘီအက်စ်ဒီအက်ဖ် ခေါ် ကျောင်းသားတပ်မတော်ကို ၁၉၈၈ ခုနှစ် ရှစ်လေးလုံး လူထုလှုပ်ရှားမှုကြီးမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲဖို့ နယ်စပ်ကို ရောက်ရှိလာတဲ့ ကျောင်းသားလူငယ်တွေနဲ့ ၁၉၈၈ ခု နိုဝင်ဘာလ ၁ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ကြတာပါ။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးဟာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရရှိရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးနဲ့ နိုင်ငံရေးလုပ်ငန်းတွေကို ဦးစားပေး ဆောင်ရွက်နေတာဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသား တပ်မတော်) မှာ တပ်ရင်း (၁၁) ရင်းနဲ့ တပ်မိသားစုဝင် ၁၅၀၀ ဦးတို့ ရပ်တည်နေဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးဟာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) မှာ လက်မှတ်ထိုးထားတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

ဓာတ်ပုံ - ကိုမျိုးဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013