DVB Logo
Home
မြန်မာသတင်း
စက်သုံးဆီဈေး ယနေ့ ထပ်မံမြင့်တက်
DVB
·
September 16, 2018
စက်သုံးဆီဈေး ယနေ့ ထပ်မံမြင့်တက်
Donate to DVB

စက်သုံးဆီဈေးတွေဟာ ဒီနေ့မှာထပ်တက်လာပြီး ရန်ကုန်နဲ့ မန္တလေးက စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းတို့ကလည်း နှုန်းထားသတ်မှတ်ချက်တွေကို ဒီရက်ပိုင်းမှာ ထပ်တိုး ပြင်ဆင်ထားတာ တွေ့ရပါတယ်။

ပုဂ္ဂလိက ဆီဆိုင်တွေမှာ မနေ့က ဒီဇယ် ၁ လီတာကို ၁၀၁၅ ကျပ်ဖြစ်ပြီး ဒီနေ့မှာတော့ ၁၀၂၅ ကျပ် တိုးမြှင့်လာကြပါတယ်။

နှစ်ဆန်းပိုင်းကနဲ့ ယှဉ်မယ်ဆိုရင် ရန်ကုန်မှာ ဒီဇယ်ဈေးနှုန်းဟာ ဇန်နဝါရီ ၂ ရက်နေ့က ၁ လီတာကို ၈၀၀ ကျပ်၊ သြဂုတ် ၁၀ ရက် ဝန်းကျင်က ၉၄၀ ကျပ်၊ ဒီနေ့ စက်တင်ဘာ ၁၆ ရက်နေ့မှာတော့ ၁၀၂၅ ကျပ်ဖြစ်လာတာပါ။

ပြီးခဲ့တဲ့လက အောက်တိန်း ၉၂ ၁ လီတာကို ၉၁၀ ကျပ်ကနေ အခုတော့ ၉၉၅ ကျပ်ဖြစ်ပါတယ်။

မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းရဲ့ စက်တင်ဘာ ၁၄ ရက် ရန်ကုန် ဆီဈေး သတ်မှတ်ချက်ကတော့ ဒီဇယ် ၁ လီတာ ၁၀၂၀ ကျပ်၊ အဆင့်မြင့် ဒီဇယ် ၁ လီတာ ၁၀၃၀ ကျပ်၊ အောက်တိန်း ၉၂ တလီတာ ၉၉၀ ကျပ်နဲ့ အောက်တိန်း ၉၅ တလီတာကို ၁၀၃၅ ကျပ် ဖြစ်ပါတယ်။ ဒါဟာ စက်တင်ဘာ ၁၂ ရက်ထက် ၅ ကျပ်ကနေ ၁၀ အထိ တိုးမြှင့် သတ်မှတ်လိုက်တာပါ။

အရင်ကတော့ ပုဂ္ဂလိက အရောင်းဆိုင်တွေကတော့ အသင်းရဲ့ သတ်မှတ်နှုန်းထက် ၅ ကျပ်စီ လျှော့ရောင်းခဲ့ကြပေမယ့် အခုတော့ ၅ ကျပ်ကနေ ၁၀ ကျပ်အထိ ပိုပြီးရောင်းချနေတာကို တွေ့ရပါတယ်။

မန္တလေးတိုင်း စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချသူများအသင်းက ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်ညကစပြီးတော့ ဒီဇယ်နဲ့ အောက်တိန်း ၉၂ တလီတာကို ၁၀၈၀ ကျပ်၊ အဆင်မြင့် ဒီဇယ်တလီတာကို ၁၀၉၅ ကျပ်၊ အောက်တိန်း 95 တလီတာကို ၁၁၃၀ ကျပ်အထိ တိုးမြှင့်ရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။

ဒါဟာ သြဂုတ်လလယ်နဲ့ ယှဉ်မယ်ဆိုရင် တလီတာကို ၈၀ ကျပ်တိုးလာတာဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလနဲ့ ယှဉ်ရင်တော့ ၁၉၀ ကျပ် ပိုပြီး မြင့်တက်လာတာပါ။

အသင်း ဥက္ကဋ္ဌ ဦးသက်ဝေက “ဒီဇယ်တပီပါကို မန္တလေးအရောက်ဈေးက ၂၃၁,၀၀၀ လောက် ကျနေတယ်။ ဒီဇယ်နဲ့ ပရီမီယမ်ဒီဇယ်ဈေးက ဝယ်ဈေးနဲ့ တော်တော်ဟနေပါတယ်။ အောက်တိန်းကတော့ သိပ်မကွာပါဘူး။ ဈေးတွေကတော့ ၁၁ လပိုင်းအကုန်လောက်ထိ တက်နေမယ်လို့ ခန့်မှန်းထားပါတယ်” လို့ ပြောပါတယ်။

ဒီနေ့ဈေးနှုန်းတွေကတော့ ရန်ကုန်မှာ ဒီဇယ်တလီတာ ၁၀၂၅ ကျပ်၊ မန္တလေးမှာ ၁၀၇၀ ကျပ်၊ အဆင့်မြင့် ဒီဇယ် တလီတာကို ရန်ကုန်မှာ ၁၀၃၅ ကျပ်၊ မန္တလေးမှာ ၁၀၈၀ ကျပ်၊ အောက်တိန်း 92 တလီတာ ရန်ကုန်မှာ ၉၉၅ ကျပ်၊ မန္တလေးမှာ ၁၀၆၅ ကျပ်၊ အောက်တိန်း 95 တလီတာကို ရန်ကုန်မှာ ၁၀၄၅ ကျပ်၊ မန္တလေးမှာ ၁၁၂၀ ကျပ်နဲ့ ရောင်းချနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013