DVB Logo
Home
မြန်မာသတင်း
မြောက်စည်းရွာ ကမ်းပါးပြို ရေတိုက်စားမှု အရေးပေါ်ကာကွယ်မှု ပြုလုပ်
DVB
·
September 16, 2018
မြောက်စည်းရွာ ကမ်းပါးပြို ရေတိုက်စားမှု အရေးပေါ်ကာကွယ်မှု ပြုလုပ်
Donate to DVB

ကလေးမြို့နဲ့ မိုင် ၂ဝ ကျော် ဝေးတဲ့ မြောက်စည်းရွာ တောင်ပိုင်း ရှားတောကြီး ခေါ် ရွာဘုံ မြေတွေထဲက ၄ ဧကကျော်ဟာ အခုနှစ် မိုးရာသီမှာပဲ နန်းကသဲ ချောင်းရေ တိုက်စားတာကြောင့် ပြိုကျမှုတွေ ဖြစ်နေလို့ အရေးပေါ်ကာကွယ်မှု ဒီနေ့ ပြုလုပ်နေကြပါတယ်။

ရေတိုက်စားမှုကြောင့် နေအိမ်အချို့ ပြောင်းရမယ့် ဘေးက လွတ်ကင်းဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့အပါအဝင် ဒေသခံ ၁ဝဝ ကျော် အရေးပေါ် ကာကွယ်မှုတွေ လုပ်ဆောင်နေကြတာပါ။

"ကျနော်တို့ နေအိမ်တွေတော့ မပြောင်းလိုက်ရဘူး။ မိုးရေမလာလို့လေ။ မိုးကောင်း ရေကျရင်တော့ ဆက်ပြိုနိုင်တယ်။ ဒါပေမယ့် မိုးပြတ်တယ်။ ခု ရေနည်းတုန်း ကျနော်တို့ ရွာကလူတွေနဲ့ သက်ဆိုင်ရာတွေပေါင်းပြီး အရေးပေါ်ကမ်းထိန်းနံရံ လုပ်နေတယ်" လို့ ဒေသခံတဦးက ဆိုပါတယ်။

မြောက်စည်းရွာကမ်းပါးဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့ကလည်း ကမ်းထိန်းနံရံ ပြိုကျမှု ဖြစ်ပွားခဲ့ပြီး နေအိမ်အချို့ အရေးပေါ် ပြောင်းရမယ့် အခြေအနေထိ ရောက်ခဲ့ပေမယ့် ဆက်ပြီး ပြိုတာ မဖြစ်တာကြောင့် နေအိမ်တွေတော့ ပြောင်းခဲ့ရတာ မရှိဘူးလို့ သိရပါတယ်။

ရေထိန်းနံရံတည်ဆောက်ခဲ့တဲ့ MIT ကုမ္ပဏီ တာဝန်ခံ ကိုမင်းနောင်က "လတ်တလောတော့ စုပေါင်းအားနဲ့ သဲအုပ်ချ သစ်ပင်တွေ ချပြီး အရေးပေါ်ကာကွယ်မှု လုပ်နေပါတယ်။ ကုမ္ပဏီဘက်ကလည်း ယန္တရားတစ်စီးနဲ့ ကူညီနေပါတယ်" လို့ ပြောပါတယ်။

အဲ့ဒီ ကမ်းပါးပြိုကျမှုတွေ မဖြစ်အောင် သက်ဆိုင်ရာက ၂ဝ၁၇ ခုနှစ်မှာ မြေထိန်းနံရံ တခုကို တည်ဆောက်ခဲ့ပြီး ၂ဝ၁၈ ခုနှစ် ၅ လပိုင်းမှာလည်း ရေကြောင်းလွှဲဖို့ ချောင်းလွှဲတခုကို တည်ဆောက်ခဲ့ပါတယ်။

အခု အရေးပေါ် ကမ်းပါးပြိုမှုကို ကာကွယ်ပြီး လာမယ့် ဘတ်ဂျက်နှစ်မှာတော့ ပြန်လည်ပြီး ကာကွယ်ရေးတွေ အခိုင်အခံ့တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013