DVB Logo
Home
မြန်မာသတင်း
မြိတ်တွင် ဖခင်က ၁၃ နှစ်သမီးအရင်းအား အဓမ္မပြုကျင့်မှု ဖြစ်ပွား
DVB
·
September 16, 2018
မြိတ်တွင် ဖခင်က ၁၃ နှစ်သမီးအရင်းအား အဓမ္မပြုကျင့်မှု ဖြစ်ပွား
Donate to DVB

မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာတွင် သမီးအရင်းဖြစ်သူကို ဖခင်က အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ကြောင်း စက်တင်ဘာ ၁၅ ရက်နေ့ ညနေ ၃ နာရီမှာ သမီးကြီးဖြစ်သူ အမှုလာဖွင့်တယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။

တုံးဗျောကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာနေ ဦးသန်းဦး (၅၉) နှစ်ဟာ အသက် ၁၃ နှစ်အရွယ် သမီးအရင်းဖြစ်သူကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တာပါ။

မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးမင်းက “သန်းဦးတို့လင်မယားရန်ဖြစ်နေလို့ သမီးကြီးက သူ့ညီမကို အဖေက အဓမ္မပြုကျင့်တဲ့ကိစ္စ ကြားသိပြီး ညီမကိုခေါ်မေးတော့မှ အဖြစ်မှန်ကိုသိလို့ တောင်ရှည် ရဲစခန်းမှာ အမှုလာဖွင့်တာပါ။ သန်းဦးက သမီးရင်းဖြစ်သူကို အဓမ္မ ၃ ကြိမ် ပြုကျင့်ခဲ့တယ်။ ပထမအကြိမ်က ၂ဝ၁၇ နိုဝင်ဘာလမှာ စပြီးပြုကျင့်တယ်။ ၂ဝ၁၈ ဇန်နဝါရီလမှာ ဒုတိယအကြိမ်၊ ဇွန်လမှာ တတိယ အကြိမ်ပြုကျင့်ပြီး တခြားသူတွေကိုပြန်ပြောရင် သတ်ပစ်မယ်ပြောလို့ ပြန်မပြောရဲပဲ နေခဲ့တယ်”လို့ ပြောပါတယ်။

သမီးအရင်းဖြစ်သူကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သူ သန်းဦး (၅၉) နှစ်ကို တောင်ရှည်နယ်မြေရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ အရေးယူထားကြောင်း သိရပါတယ်။

သတင်း - မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013