DVB Logo
Home
မြန်မာသတင်း
ဧရာဝတီမြစ်​ထဲ ​ရေဆိုးစွန့်​ပစ်​မှုကြောင့်​ အန္တရာယ်မရှိနိုင်ဟု မန္တလေးစည်ပင်ပြော
DVB
·
September 16, 2018
ဧရာဝတီမြစ်​ထဲ ​ရေဆိုးစွန့်​ပစ်​မှုကြောင့်​ အန္တရာယ်မရှိနိုင်ဟု မန္တလေးစည်ပင်ပြော
1 / 10
Donate to DVB

ဧရာဝတီမြစ်​ထဲ ​ရေဆိုးစွန့်​ပစ်​မှုအတွက်​ အန္တရာယ်​မရှိနိုင်​ကြောင်း​ မန္တ​လေးမြို့​တော် ​စည်​ပင်​သာယာ​ရေး​ကော်​မတီ ရေနဲ့ သန့်​ရှင်း​ရေးဌာနက ဌာနမှူးက ​ပြောဆိုဆိုလိုက်​ပါတယ်​။

ရေဆိုးစွန့်ပစ်မှုကြောင့် အနံ့ဆိုးတွေထွက်ပေါ်နေလို့ ပြည်သူတွေ ကျန်းမာရေး ထိခိုက်မှာကို စိုးရိမ်နေကြတာပါ။

မန္တ​လေးမြို့​တော် ​စည်​ပင်​သာယာ​ရေး​ကော်​မတီ ​ရေနဲ့​ သန့်​ရှင်း​ရေးဌာနမှူး ဦးမျိုးသန့်​က​ “ကျ​နော်​တို့ လုပ်​ရိုးလုပ်​စဉ်​ပါ။ အခုလာမယ့် ​ဆောင်း​ရေက များမှာဖြစ်​တာ​ကြောင့် ကျ​နော်​တို့က ကြိုပြီး ထုတ်​ထားတာပါ။ မိုးကြီး​တော့မယ့်အချိန်​မှာ လက်​ခံထားတဲ့အထဲမှာ ရှိ​နေတဲ့​ရေ​တွေကို ကြိုပြီးထုတ်​​နေတာပါ။ ပြီးခဲ့တဲ့ မိုးတုန်းကလည်း ကျ​နော်​တို့က ကြိုပြီး ထုတ်​ထားတယ်​။ အများက စွန့်​ပစ်​ထားတဲ့ အိမ်​သုံး​စွန့်​​ပစ်​​ရေ​တွေကို စွန့်​ထုတ်​ပစ်​ရတာပါ။ နှစ်​တိုင်းလည်း စွန့်​ထုတ်​ပစ်​ရပါတယ်​။ အခုမှ ပစ်​တာ မဟုတ်​ပါဘူး။ ​ရေဆိုးစွန့်​ပစ်​တဲ့​ နေရာကို​ မော်​​တော်​​တွေ ပိတ်​ရပ်ထားတဲ့အတွက်​ အမြုပ်​က ထွက်​တာပါ။ လူထုအတွက်​ ဘာအန္တရာယ်​မှ မကျ​ရောက်​နိုင်​ ပါဘူး” လို့ ပြောပါတယ်​။

“အမတို့အ​နေနဲ့ ဒီ​ရေဆိုးကထွက်​တဲ့အနံ့​တွေကို ရှူနေရတာ​လေ။ အခုကို​ ခေါင်း​တွေ ကိုက်​ပြီး မူး​နေတာ။ အနံ့​တွေက နံ​နေတာ​ အသက်​ကိုရှူလို့ မဝဘူး” လို့ နေ့တဓူဝ စက်လှေစီးနေတဲ့ မတ္တရာမြို့နယ်​ သုံးဆယ်​​ဘေးရွာက​ ဒေါ်ခင်းဆန်းက​ ပြောပါတယ်​။

စက်​​လှေစီးခရီးသည်​ ဦး​ကျော်​ဆန်းက “ဒီဆိပ်​ကမ်းက မန္တ​လေးနဲ့နယ်မြို့​တွေကို ကုန်​စည်​ ပို့​ဆောင်​တဲ့ မရမ်းခြံဆိပ်​ကမ်း ဖြစ်​တယ်​။ အခုဆို ဒီမှာ ​ရောင်းရဝယ်​ရတဲ့အချိန်​ လူ​စောင့်ရတဲ့အခါ ဒီအနံ့အသက်​​တွေ​ကြောင့် စားချင်​တာစားလို့မရ​တော့ လုံးဝကို အဆင်​မ​ပြေ ဘူး။ ကျန်းမာ​ရေးလည်း ထိခိုက်​လာမယ်​”လို့ ​ပြောပါတယ်​။

မန္တ​လေး စည်​ပင်​သာယာရေး​ ကော်​မတီရေနဲ့ သန့်ရှင်းရေးဌာနအနေနဲ့ မန္တလေးတမြိုတမြို့လုံးက စွန့်ပစ်​လိုက်​တဲ့ ​ရေဆိုး​တွေကို ၆ ​နေရာက​နေခွဲပြီး စွန့်​ထုတ်​​နေသလို စွန်​ပစ်​​ရေဆိုး​တွေကို ၁​ နာရီမှာ ဂါလန်​​ပေါင်း ၁ သန်း စွန့်​ထုတ်​​နေပါတယ်​။ တ​နေ့ကို နာရီ ၂ဝ လောက် ​​ရေဆိုး​တွေ နေ့စဉ် စွန့်​ထုတ်​​ပေး​နေတယ်လို့ သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013