DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားအဖွဲ့များ အလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်
DVB
·
August 10, 2012
Donate to DVB

အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေးပြုလုပ်ပြီးနဲ့ ဆွေးနွေးနေဆဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ စုပေါင်းပြီး ထိုင်းနိုင်ငံ နယ်စပ်တနေရာမှာ အလုပ်ရုံဆွေးနွေးပွဲတခု ပြုလုပ်သွားပါတယ်။

ဒီအလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်ရတာနဲ့ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦးရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာ ရွှေခါးက အခုလို ပြောပါတယ်။

“အခုက ကျနော်တို့က အစိုးရစစ်တပ်နဲ့ ဆက်ဆံရတော့မှာလေ၊ အရင်ကလိုမဟုတ်တော့ဘူး။ ပြီးတော့ တဖက်ကလည်း နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ သွားဖို့အတွက် ဒါက ပထမအဆင့်ပေါ့နော်။ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကို ကျနော်တို့ လိုချင်တဲ့ ပုံစံနဲ့ သွားနိုင်အောင်၊ အလုပ်ရုံကနေ ဘာလုပ်နိုင်မလဲ၊ ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာ ဆွေးနွေးတာပေါ့။ အပစ်ခတ်ရပ်တာက တခုနဲ့ တခု မတူကြဘူးလေ၊ သဘောတူညီချက်တွေက။ စစ်မှန်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဖြစ်ပေါ်လာနိုင်အောင် ဘာတွေလုပ်နိုင်မလဲ ဆိုတာကို အဓိက အာရုံစိုက်ပြီး ဆွေးနွေးကြတယ်။”

ဒီအလုပ်ရုံဆွေးနွေးပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော်၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ပအိုဝ်းလွတ်မြောက်ရေးတပ်ဖွဲ့၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၊ ချင်းအမျိုးသားတပ်ဦး၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီနဲ့ မွန်ပြည်သစ်ပါတီတို့ တက်ရောက်ဆွေးနွေးခဲ့ကြ ပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲအတွင်းမှာပဲ ဆက်ဆံရေးရုံးတွေရဲ့ လုံခြုံရေးအာမခံချက်တွေ၊ အစီအစဉ်တွေကို လုပ်ဆောင်ရာမှာလည်း ဒေသခံလူထုတွေရဲ့ ဆန္ဒသဘောထားတွေကိုရယူဖို့နဲ့ လူထုဘ၀လုံခြုံရေး အတွက် တင်ပြသွားဖို့ အဓိကထား ဆွေးနွေးပြောဆိုခဲ့ကြတယ်လို့ ဒေါက်တာရွှေခါးက ပြောပါတယ်။
“ဆက်ဆံရေးရုံးတွေရဲ့ လုံခြုံရေးအာမခံမှုကို ဘယ်လိုလုပ်နိုင်မလဲ။ အဲဒါတွေ တင်ပြချက်၊ အမြင်တွေကို စုပြီး ဥပမာ ကေအန်ယူအနေနဲ့ သူတို့သွားမယ်ဆို ဒါတွေကို တင်ပြဖို့လိုတာပေါ့။ ပြီးတော့ တော်တော်များများ သဘောတူညီချက်ထဲမှာ ပြည်သူတွေနဲ့ သွားရောက် တွေ့ဆုံတာပါတယ်။ ဒါပေမယ့် ကျနော်တို့က အခုထက်ထိ တရားမ၀င် အဖွဲ့အစည်း ဖြစ်တဲ့အခါကျတော့ ၁၇(၁)နဲ့ ကျနော်တို့နဲ့ လာတွေ့တဲ့ပြည်သူတွေကို တရားစွဲခွင့်ရှိတာကိုး။ အခြေအနေကောင်းတဲ့ အချိန်မှာတော့ ဘာမှလုပ်မှာမဟုတ်ဘူး။ ဒါပေမယ့် တခုခု အခြေအနေ ပျက်သွားရင်တော့ သူတို့ကို တရားစွဲလို့ ပြန်ရလာပြန်ရော။ အဲတော့ ပြည်သူကို ဘယ်လိုကာကွယ်ရမလဲဆိုတာက နောက်အဆင့်မှ အဖွဲ့အစည်းတိုင်းကနေ ခေါ်ဆွေးနွေးရမယ့် အချက်တွေ ဖြစ်လာမှာပေါ့။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013