DVB Logo
Home
မြန်မာသတင်း
ဌာနေတိုင်းရင်းသားများ၏ အခွင့်ရေးနေ့အခမ်းနား ကျင်းပ
DVB
·
September 15, 2018
ဌာနေတိုင်းရင်းသားများ၏ အခွင့်ရေးနေ့အခမ်းနား ကျင်းပ
Donate to DVB

ဌာနေတိုင်းရင်းသားတို့ရဲ့ အခွင့်ရေးနေ့အခမ်းနားကို တနင်္သာရီတိုင်းဒေသကြီး ထားဝယ်၊ မြိတ်၊ တနင်္သာရီမြို့နယ်တွေက ဒေသခံ ၅၀၀ ဝန်းကျင်တို့ စုပေါင်းပြီး ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

အဲဒီအခမ်းနားကို တနင်္သာရီမြို့နယ်ထဲက အရှေ့ကမ်းကျေးရွာမှာ စက်တင်ဘာ ၁၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တာပါ။

လက်ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့က တနင်္သာရီမြစ်ထဲမှာ အကောင်ထည်ဖော်ဆောင်ရွက်မယ့် ရေကာတာစီမံကိန်းတွေဟာ ဒေသခံတွေရဲ့ သဘောထားဆန္ဒကို မကောက်ယူသလို နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ မကိုက်ညီတာကြောင့် ဌာနေတိုင်းရင်းသားရဲ့ ဘဝလုံခြုံမှုကို ထိခိုက်မှုရှိတယ်လို့ အဲဒီအခမ်းနားမှာပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ ဌာနေတိုင်းရင်းသားအခွင့်ရေးဆိုင်ရာ ကမ္ဘာ့ကြေညာစာတမ်းကို မြန်မာနိုင်ငံကလည်း သဘောတူလက်မှတ်ရေးထိုးထားပြီး အကောင်ထည်ဖော် လုပ်ဆောင်နေမှုအားနည်းနေတယ်လို့ ပွဲကျင်းပသူတွေက ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013