DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း လုံနယ်ဝန်ကြီးဌာန လွှတ်တော်မှကတိများ အကောင်အထည်ဖော်ရန် အများဆုံးကျန်
DVB
·
September 15, 2018
စစ်ကိုင်းတိုင်း လုံနယ်ဝန်ကြီးဌာန လွှတ်တော်မှကတိများ အကောင်အထည်ဖော်ရန် အများဆုံးကျန်
Donate to DVB

စစ်ကိုင်းတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနဟာ လွှတ်တော်မှာပေးခဲ့တဲ့ ကတိတွေကို အကောင်အထည်ဖော်ဖို့ ကျန်နေတာ အများဆုံးဖြစ်တယ်လို့ လွှတ်တော် ကော်မတီတာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းလွှတ်တော်ရဲ့ ၂ နှစ်ခွဲကျော်ကာလ၊ ဒုတိယအကြိမ်အစည်းအဝေးကနေ အဋ္ဌမအကြိမ်အထိ ကတိဖြစ်ခဲ့တဲ့ မေးခွန်းပေါင်း ၁၉၄ ခုမှာ တိုင်းအစိုးရအဖွဲ့ရဲ့ အကောင်အထည်ဖော်တာမှာ လုံ/နယ်ဝန်ကြီးအောက်ဌာနတွေက အများဆုံး ကျန်နေတာလို့ တိုင်းလွှတ်တော် ကတိကဝတ်ကော်မတီက ပြောပါတယ်။

ကတိဖြစ်မေးခွန်းပေါင်း ၁၉၄ ခုမှာ လုံ/နယ်က ၂၀ ခု၊ စိုက်မွေး/သစ်တောက ၃၆ ခု၊ လျှပ်စစ်/လမ်းပန်းက အခု ၇၀၊ စည်ပင်က ၁၉ ခု၊ လူမှုရေးက ၄၆ ခုနဲ့ စီမံ/ဘဏ္ဍာက ၃ ခုတို့ ကတိဖြစ်ထားပါတယ်။

လုံ/နယ်ဝန်ကြီးအောက်ရှိ ဌာနတွေက ကတိဖြစ်မေးခွန်း ၂၀ မှာ ဆောင်ရွက်ပြီးစီးမှု ၉ ခု၊ ဆောင်ရွက်ဆဲ ၆ ခု၊ ဆောင်ရွက်ရန် ၅ ခုကျန်ရှိနေပြီး စိုက်မွေး/သစ်တော၊ လျှပ်စစ်/လမ်းပန်းတို့က ၇ ခုစီ ဆောင်ရွက်ရန်ကျန်နေပေမယ့် ပျမ်းမျှ ရာခိုင်နှုန်းနဲ့တွက်ရင် လုံ/နယ်က ၂၅ ရာခိုင်နှုန်းနဲ့ ပထမ၊ စိုက်မွေး/သစ်တောက ၂၀ ရာခိုင်နှုန်းနဲ့ ဒုတိယတို့ ကျန်ရှိနေတာဖြစ်ပါတယ်။ စီမံ/ဘဏ္ဍာကတော့ ဆောင်ရွက်ဖို့ ကျန်တာ မရှိတော့ဘူးလို့ သိရပါတယ်။

“ဘယ်ဝန်ကြီးရဲ့ အောက်ကဟာတွေဖြစ်မလဲဆိုရင် နယ်လုံဝန်ကြီးရဲ့ အောက်က ဌာနတွေက များပါတယ်။ စံပယ်နံ့သာလို ကျေးရွာပေါင်း ၂၀ နဲ့တအုပ်စုဖွဲ့ထားတာကိုလည်း အုပ်စုခွဲပေးဖို့ ပြောထားတာ အခုထိဆောင်ရွက်ပေးမှုမရှိသေးဘူး။ ဒါတွေကတော့ ပြောရမယ်ဆိုရင် ခက်ခဲတာတော့ ခက်ခဲကုန်ပြီလေ။ ပြည်သူတွေအတွက်ကတော့ ဖွံ့ဖြိုးရေးပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် နစ်နာမှုတော့ ရှိတာပေါ့။ ကျမတို့ကတော့ တိုက်တွန်းသွားမှာပါ” လို့ စစ်ကိုင်းတိုင်းလွှတ်တော် အစိုးရရဲ့ အာမခံချက်၊ ကတိများနဲ့ တာဝန်ခံချက်များ စိစစ်ရေးကော်မတီ အတွင်းရေးမှူး ဒေါ်ခင်မျိုးချစ်က ပြောပါတယ်။

ဒုတိယအကြိမ် စစ်ကိုင်တိုင်းလွှတ်တော် ဒုတိယအကြိမ်ကနေ ၁၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေးထိကို အစိုးရလုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနကို ဗိုလ်မှူးကြီး ကျော်သန့်နိုင်က တာဝန်ယူခဲ့ပြီး လက်ရှိမှာ ဗိုလ်မှူးးကြီး သန်းထွန်းအောင်က တာဝန်ယူဆောင်ရွက်နေပါတယ်။

အစိုးရအဖွဲ့အနေနဲ့ ဘယ်ဌာနပဲဖြစ်ဖြစ် ကိုယ်စားလှယ်တွေက ပြည်သူ့လိုအပ်ချက်ကို လွှတ်တော်မှာ တင်ပြဆွေးနွေးပြီး ကတိဖြစ်ခဲ့တာကို အကောင်အထည်မဖော်ရင် ဒေသအတွက် နစ်နာတယ်လို့ ဆိုပါတယ်။

လွှတ်တော်ပုံမှန်အစည်းအဝေး ၈ ကြိမ်ရဲ့ နောက်ပိုင်းမှာတော့ မေးခွန်းတွေ ကတိမဖြစ်တာ များလာတယ်လို့ ကော်မတီက သုံးသပ်ထားပါတယ်။

ဒီလိုဖြစ်တာကလည်း လွှတ်တော်၊ အစိုးရ၊ ကိုယ်စားလှယ်တွေကို ယုံကြည်မှု ကျဆင်းစေတယ်လို့ ကော်မတီဥက္ကဋ္ဌကလည်း ပြောပါတယ်။

“ဒေသလိုအပ်ချက်ကို တနှစ်လည်းမလုပ်ပေး၊ ၂ နှစ်လည်း မလုပ်ပေးဆိုတော့ ကြာတော့ လွှတ်တော်ကို ယုံကြည်မှုကျလာတာပေါ့။ လွှတ်တော်ကို ယုံကြည်မှုကျတော့ ကိုယ်စားလှယ်တွေကိုလည်း ယုံကြည်မှုကျလာတယ်။ ဝန်ကြီးဌာနတွေသည် တတ်နိုင်သမျှ လွှတ်တော်ကိုယ်စားလှယ်တွေက မေးလာတဲ့ မေးခွန်းတွေအပေါ်မှာ တောင်းလာတဲ့ လုပ်ငန်းတွေအပေါ်မှာ မြေပြင်မှာကွင်းဆင်းကြည့်ပြီး တကယ်လိုအပ်တာကို ဆောင်ရွက် ပေးသင့်တယ်။ ကတိပြုအဖြေမျိုးပေးသင့်တယ်။ ဒါမှသာ ပြည်သူတွေကလည်း လွှတ်တော်ကို ယုံကြည်လာမယ်။ အစိုးရအပေါ်မှာလည်း ယုံကြည်မှု ပိုပြီးရှိလာမယ်လို့ ယူဆပါတယ်”လို့ ရေးရာကော်မတီဥက္ကဋ္ဌ ဒေါ်စုမြတ်ထက်က ပြောပါတယ်။

အစိုးရရဲ့ အာမခံချက်၊ ကတိ၊ တာဝန်ခံချက်တွေနဲ့ပတ်သက်ပြီး အမြန်ဆုံး အကောင်အထည်ဖော်ဖို့ ကော်မတီအနေနဲ့ တိုက်တွန်းသွားမှာဖြစ်သလို မကြာခင်ကျင်းပမယ့် တိုင်းလွှတ်တော် ပုံမှန်အစည်းအဝေးမှာလည်း ကော်မတီရဲ့ စိစစ်တွေ့ရှိချက် အစီရင်ခံစာကို လွှတ်တော်ကို တင်ပြသွားဖို့ ပြင်ဆင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013