DVB Logo
Home
မြန်မာသတင်း
အပစ်ရပ်စောင့်ကြည့်ရေးလုပ်ငန်းစဉ်အတွက် ကန်ဒေါ်လာ ၃ သန်း လျာထား
DVB
·
September 15, 2018
အပစ်ရပ်စောင့်ကြည့်ရေးလုပ်ငန်းစဉ်အတွက် ကန်ဒေါ်လာ ၃ သန်း လျာထား
Donate to DVB

လာမယ့် ဘဏ္ဍာနှစ် အပစ်ရပ်ပူးတွဲစောင့်ကြည့်ရေးလုပ်ငန်းစဉ်မှာ အသုံးပြုဖို့ အမေရိကန်ဒေါ်လာ ၃ သန်းလျာထားတယ်လို့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အတွင်းရေးမှူး ၁ ဒေါက်တာရွှေခါးရ်က ပြောပါတယ်။

ရန်ကုန်မြို့၊ ရွှေလီလမ်းမှာရှိတဲ့ NRPC ရုံးမှာ စက်တင်ဘာ ၁၂ ရက်နေ့ကနေ ၁၃ ရက်နေ့ထိ သုံးရက်ကြာပြုလုပ်တဲ့ JMC-U ရဲ့ ၁၈ ကြိမ်မြောက်အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။

အခုအစည်းအဝေးက လျာထားတဲ့ ဒေါ်လာ ၃ သန်းအထဲကမှ ဒေါ်လာ ၁ သန်းကို ဒေသခံအရပ်သားစောင့်ကြည့်သူ LCM တွေအတွက် အသုံးပြုသွားမယ်လို့လည်း ဆိုပါတယ်။

‘‘လာမယ့်နှစ်မှာ အစီအစဉ်သစ်တခုအနေနဲ့ကတော့ LCM ကိစ္စပေါ့နော်။ အဲဒါကိုတော့ ကျနော်တို့ အာရုံစိုက်လုပ်ဖို့တော့ စီစဉ်ထားပါတယ်။ LCM တွေ အစစအရာရာအတွက် ဒေါ်လာ ၁ သန်းလောက် ကုန်နိုင်မယ်လို့ တွက်ပါတယ်။ အသေးစိတ်အတွက်ကတော့ ဒီဘဏ္ဍာရေးဌာနနဲ့ Donar တွေနဲ့ ညှိနှိုင်းမှာဖြစ်ပါတယ်’’ လို့ ဒေါက်တာရွှေခါးရ်က ပြောပါတယ်။

JMC အတွက် ရရှိတဲ့ဘဏ္ဍာငွေကိုတော့ နှစ်လတစ်ကြိမ် ကျင်းပတဲ့ ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အစည်းအဝေးတွေ၊ တစ်လတစ်ကြိမ်ကျင်းပတဲ့ ပြည်နယ်အဆင့်အစည်းအဝေးတွေ အပစ်ရပ်လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ ရှင်းလင်းပွဲ စတာတွေမှာ အသုံးပြုတယ်လို့သိရပါတယ်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးစာချုပ် NCA အခန်း (၂)၊ အပိုဒ် ၂ (ခ) အရ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်နေ့မှာ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (Joint Ceasefire Monitoring Committee – Union Level) ကို ဖွဲ့စည်းခဲ့တာပါ။

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီကို လက်နက်ကိုင် ပဋိပက္ခများ လျော့ကျရပ်စဲစေဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အထောက်အကူပြုစေဖို့ ဖွဲ့စည်းထားတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013