DVB Logo
Home
မြန်မာသတင်း
ဗန်းမောက်မြို့နယ်တွင် မိုးကြိုးပစ်သဖြင့် နွား ၇ ကောင် သေဆုံး
DVB
·
September 15, 2018
ဗန်းမောက်မြို့နယ်တွင် မိုးကြိုးပစ်သဖြင့် နွား ၇ ကောင် သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ နောင်မလင်ကျေးရွာမှာ စက်တင်ဘာ ၁၄ ရက်နေ့ နေ့လယ်က မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်ခဲ့လို့ သစ်ပင်ရိပ်မှာ ခိုနေတဲ့ နွား ၇ ကောင် အစုလိုက် အပြုံလိုက် သေဆုံးခဲ့ပါတယ်။

“မနေ့က ၁၂ ခွဲလောက်မှာဖြစ်တာ။ သေတဲ့နွားတွေက ဦးပွဲမောင်ရဲ့ နွားတွေ။ သူ့သား ကိုအောင်သန်းဝင်းက လယ်ကုန်းမှာ နွားကျောင်းနေတုန်း မိုးရွာလာတာနဲ့ ရွာနားမှာဆိုတော့ လူကရွာပြန်၊ နွားတွေက သစ်ပင်အောက်မှာ ဝင်နားနေတုန်း မိုးကြိုးမှန်ပြီး သေသွားတာ။ နွားထီး ၃ ကောင်၊ နွားမ ၄ ကောင်ပေါ့။ ဆုံးရှုံးမှုတန်ဖိုးကတော့ အနည်းဆုံး သိန်း ၂၀ ကျော်တော့ရှိတာပေါ့။  အားလုံးကိုတော့ ညနေပိုင်းမှာ ရွာက စုပြီး မြေမြုပ်လိုက်ပြီ” လို့ နောင်မလင်ကျေးရွာအုပ်ချုပ်ရေးမှုး ဦးကျော်မျိုးက ပြောပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်လောက်ကလည်း ဗန်းမောက်မြို့နယ်၊ အလယ်ရွာမှာ အခုလိုပဲ မိုးကြိုးပစ်ခံခဲ့ရလို့ ခိုင်းနွားသေဆုံးမှု ဖြစ်ပေါ်ခဲ့ပါသေးတယ်။

ဒါနဲ့ပတ်သက်ပြီး သဘာဝဘေးဒဏ်ကြောင့် ဆုံးရှုံးရတာဖြစ်လို့ အစိုးရအထောက်အပံ့ ရအောင်တော့ တင်ပြပေးသွားမယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီဟန်က ပြောပါတယ်။

“အရင်က ခိုင်းနွားမိုးကြိုးပစ်ခံရတုန်းက အစိုးရကို တင်ပေးတာ ၁ ကောင် ၅ သိန်းနစ်နာကြေးရတယ်။ ပြီးတော့ ကမ္ဘောဇအလင်းတန်းကလည်း ထောက်ပံ့တာရသေးတယ်။ အခုလည်း ဆုံးရှုံးမှုက တယောက်တည်းဆိုတော့ များတယ်။ မနက်ဖြန်တော့ အဲဒီရွာကို ကွင်းဆင်းရင်းနဲ့ သွားပြီးအချက်အလက်တွေ တောင်းဦးမယ်။ အစိုးရကို တင်ပြပေးသွားမယ်” လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီဟန်က ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်း မိုးများတဲ့ ဟုမ္မလင်း၊ ဖောင်းပြင်၊ အင်းတော်၊ ပင်လည်ဘူး၊ ဗန်းမောက် စတဲ့မြို့နယ်တွေမှာ လူနဲ့ကျွဲနွားတိရိစ္ဆာန်တွေ မိုးကြိုးပစ်လို့ သေဆုံးတာတွေ မကြာခဏရှိနေပါတယ်။

သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာတဲ့ ဆုံးရှုံးမှုတွေနဲ့ပတ်သက်ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနကနေ ကူညီထောက်ပံ့ပေးတာတွေလည်း ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013