DVB Logo
Home
မြန်မာသတင်း
ချောင်းအတွင်း သဲစုပ်ယူမှုကြောင့် ကျောက်တံခါးမြို့နယ် ကျေးရွာ ၅ ရွာခန့် ကမ်းပါးပြိုကျ
DVB
·
September 15, 2018
ချောင်းအတွင်း သဲစုပ်ယူမှုကြောင့် ကျောက်တံခါးမြို့နယ် ကျေးရွာ ၅ ရွာခန့် ကမ်းပါးပြိုကျ
Donate to DVB

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်အတွင်းရှိ တုံကန်ချောင်းအတွင်းမှ သဲထုတ်လုပ်မှုကြောင့် အနီးပတ်ဝန်းကျင် ကျေးရွာတွေ ချောင်းကမ်းပါး ပြိုကျမှုဒဏ် ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သဲထုတ်လုပ်မှုတွေကြာင့် တုံကန်ချောင်းဘေးရှိ ကျေးရွာတွေထဲက ကျေးရွာ ၅ ရွာလောက်မှာ ကမ်းပါပြိုမှုဒဏ်ကို ဆိုးရွာစွာခံစားနေရတယ်လို့ ဆိုပါတယ်။

“နွေမိုးဆောင်းသုံးရာသီလုံး သဲထုတ်လုပ်မှုတွေ ရှိနေတာကြောင့် ချောင်းရေကျတဲ့အခါ သဲတွေ တအားစုပ်ယူထားတော့ ချောင်းအတွင်း သဲမရှိ၊ ချောက်အနက်ကြီးတွေ ဖြစ်နေတာကနေ ကမ်းပါးပြိုကျမှုတွေ နှစ်ဖက်စလုံး ပိုဖြစ်လာပါတယ်။ အစိုးရချမှတ်ပေးတဲ့ သဲခုံဖြစ်တဲ့နေရာ သဲစုပ်ယူရောင်းချတာ မဟုတ်ဘဲ သဲရှိတဲ့နေရာ လိုက်လံထုတ်ယူနေတာကြောင့် ချောင်းကမ်းပါးဘေး ကျနော်တို့ရွာတွေဆို ခြံတွေ တဖြည်းဖြည်း ပဲ့ကျလာရာကနေ အခုဆို ရွာလယ်လမ်းပါ ထပ်မံပါသွားပါပြီ။ ဒီလမ်းက ကျောင်းသားကျောင်းသူ ရဟန်းရှင်လူ သွားလာနေကြတာပါ။ အခုဆို သဲထုတ်ယူမှုကြောင့် တဖြည်းဖြည်းပြိုကျလာလိုက်တာ လမ်းက ၁ ပေလောက်ပဲ ရှိတော့တယ်။ ဆိုင်ကယ်စီးသူတွေဆို မဖြစ်မနေသွားနေကြရတော့ ၁ လကို ၃ စီးလောက် ချောင်းထဲပြုတ်ကျကုန်ပါတယ်။ တဖက်ခြံပိုင်ရှင်တွေကလည်း ခဏ ခဏ နောက်ဆုတ်ပေးနေရတာကြောင့် အခုဆို အိမ်တစက်မိတ်အထိ ရောက်တော့မယ်” လို့ ပဲနွယ်ကုန်းမြို့ လေးအိမ်စုကျေးရွာ ဦးကုလားက ပြောပါတယ်။

ကမ်းပါပြိုကျမှုတွေကြောင့် နေအိမ်တွေ ပြောင်းရွှေ့ရမှုရှိသလို စိုက်ပျိုးမြေတွေလည်း ဆုံးရှုံးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်တံခါးမြို့နယ်အတွင်း သဲထုတ်လုပ်မှုလိုင်စင်တွေက အခုနှစ်ဇွန်လက သက်တန်းကုန်သွားပြီဖြစ်လို့ အခုလက်ရှိမှာ သဲထုတ်လုပ်မှုလိုင်စင်တွေကို ထပ်မံ ချထားပေးထားခြင်း မရှိသေးကြောင်းနဲ့ အရင်နှစ်တွေကလည်း အခုလို ကမ်းပါပြိုကျမှုတွေ ရှိခဲ့တယ်လို့ ကျောက်တံခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ထွေးက ပြောပါတယ်။

သတင်း-ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013