DVB Logo
Home
မြန်မာသတင်း
ရွှေတိဂုံစေတီ အရောင်မှိန်ရွှေစင်ပြား အရည်အသွေးမပြည့်ပါက တရားစွဲနိုင်ဟု ဂေါပကပြော
DVB
·
September 15, 2018
ရွှေတိဂုံစေတီ အရောင်မှိန်ရွှေစင်ပြား အရည်အသွေးမပြည့်ပါက တရားစွဲနိုင်ဟု ဂေါပကပြော
Donate to DVB

ရွှေတိဂုံစေတီတော်က အရောင်မှိန်သွားတဲ့ရွှေစင်ပြားတွေကို ရွှေအရည်အသွေး စစ်ဆေးသွားမှာဖြစ်ပြီး အရည်အသွေးမပြည့်ဘူးလို့ တွေ့ရှိပါက တရားစွဲနိုင်တယ်လို့ ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့ကပြောပါတယ်။

ရွှေတိဂုံစေတီတော်ကြီး ဌက်မျက်ဖူးတော်အောက်ပိုင်းက  အရောင်မှိန်သွားတဲ့ ကြာမှောက်ကြာလန်နေရာဟာ ၂ဝဝ၈-၂ဝဝ၉တုန်းက ၁ဝ နှစ်ကျော်ခံနိုင်တဲ့ နည်းပညာသစ်နဲ ကပ်လှူထားတဲ့ ရွှေပြားတွေပါ။

၂ဝ၁၄-၂ဝ၁၅ တုန်းကလည်း အရောင်မှိန်သွားလို့ အသစ်ထပ်ကပ်ထားတာဖြစ်ပြီး ဒီရွှေစင်ပြားတွေကိုတာဝန်ယူ လုပ်ကိုင်ပေးတဲ့ကုမ္ပဏီရဲ့ နည်းပညာမကျွမ်းကျင်တာကြောင့် ဖြစ်ပြီး လူမှုကွန်ရက်တွေမှာ ဝေဖန်နေသလို ဂေါပကအဖွဲ့က ရွှေခိုးတာမဟုတ်ဘူးလို့ ဂေါပကအဖွဲ့ရဲ့ ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက ပြောပါတယ်။

“မခိုးဘူးလို့ ဘယ်သူတာဝန်ယူလဲဆိုပြီး မေးတယ်။ ကျနော်တာဝန်ယူပါတယ်။ တကယ် လို့ ခိုးခဲ့သည်ရှိသော် တရားစွဲပါ။ အများပြည်သူရဲ့ ငွေကိုသုံးလို့ စွဲလို့ရတယ်။ သာသနာရေး ဝန်ကြီးကလည်းပြောတယ်။ ကျနော်တို့ ဘုရားလူကြီးကလည်း ပြောတယ်။ တကယ်မှန်တယ်ဆို ရင် စွဲပါ။ ဒီလူလုပ်လို့ ဒီလူမှာတာဝန်ရှိတယ်။ ကျနော်တို့မှာလည်း တာဝန်ရှိတယ်ဆိုရင်လည်း စွဲ။ ထည့်ရမယ့်ရွှေကို မထည့်ဘဲနဲ့ လုပ်ခဲ့တယ်၊ တကယ်ကို ပေါ့ပေါ့ဆဆ လုပ်ခဲ့တယ်ဆိုရင် ဒီလူကို စွဲ။ ကျနော်တို့ပါ အထိုက်အလျောက်ရှိတယ်ဆိုရင် ကျနော်တို့လည်းစွဲ။”

အဲဒီအချိန်မှာ ကပ်လှူတုန်းကလည်း သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနကို ရွှေပြားနမှုနာတွေပို့ကာ aရွှအရည်အသွေး စစ်ဆေးချက်ရယူထားပြီး အရည်အသွေးပြည့်မီတဲ့အကြောင်း မှတ်ချက်ရရှိထားပါတယ်။

ဒီနေ့ ငြမ်းဆင်တာတွေပြုလုပ်ပြီး စစ်ဆေးမှုတွေ စတင်ပြုလုပ်သွားမှာပါ။ စစ်ဆေးတာပြီးရင်တော့ အရေးယူမှုတွေကို သသာနာရေးဝန်ကြီးရဲ့ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်သွားမယ်လို့ ဂေါပကအဖွဲ့ရဲ့ ရုံးအဖွဲ့မှူးက ပြောပါတယ်။

“ဒါတွေကို အကုန်ခွာမယ် စစ်မယ်။ စစ်ရင်းနဲ့ ရွှေပါဝင်မှုပေါ် မူတည်ပြီးတော့ တရားစွဲတာတွေ အရေးယူတာတွေ ဝန်ကြီးလုပ်စေချင်တဲ့အတိုင်း ကျနော်တို့ ဆက်လုပ်မယ်။ အကုသိုလ်သိပ်များတယ်။ ဘယ်သူခိုးတယ် ဘာညာဆိုပြီး မခိုးတဲ့သူတွေ သူတော်ကောင်း တွေကို သွားစွပ်စွဲမိရင် အကုသိုလ်သိပ်ကြီးတယ်။ အဲဒါလေးတော့ ကျနော့်အနေနဲ့ တောင်းပန်ချင်တယ်” လို့ ဆိုပါတယ်။

အရောင်မှိန်သွားတဲ့ ရွှေတိဂုံစေတီတော် ငှက်မြတ်နားတော်အောက်ပိုင်းက  ရွှေပြားတွေဟာ ပြည်သူတွေတိုက်ရိုက်လှူထားတဲ့ရွှေတွေမဟုတ်ဘဲ ကြာရှည်ခံတဲ့ ရွှေပြားကပ်လှူတဲ့စနစ်ကို ပုံစံစမ်းသပ်ထားတဲ့ ရွှေပြားတွေဖြစ်ပါတယ်။

အရောင်မှိန်သွားတဲ့ ရွှေစင်ပြားတွေကို ဆက်လက်ကပ်လှူကပ်ခြင်း မလုပ်တော့ဘဲ ရွှေမျက်ပါးကိုပဲ ကပ်လှူဖို့ သာသာနာရေးဝန်ကြီးဌာက ထုတ်ပြန်ထားပါတယ်။

ရွှေတိဂုံစေတီတော် ရွှေပြားပြန်လည်ပြင်ဆင် ကပ်လှူတာနဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာ မဟုတ်မမှန်ပြောဆိုနေတာတွေဟာ ပြည်တွင်းရေး မငြိမ်မသက်ဖြစ်အောင် လုပ်ဆောင်တာ ဖြစ်တယ်လို့ သာသနာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013