DVB Logo
Home
မြန်မာသတင်း
ဒီမိုကရေစီ၏ အတုအယောင်နှင့်အန္တရာယ်များကို အထူးသတိပြုကြရန် သမ္မတပြော
DVB
·
September 15, 2018
ဒီမိုကရေစီ၏ အတုအယောင်နှင့်အန္တရာယ်များကို အထူးသတိပြုကြရန် သမ္မတပြော
Donate to DVB

ဒီမိုကရေစီရဲ့ အတုအယောင်တွေနဲ့ အန္တရာယ်တွေကို မျက်ခြည်မပြတ်ဖို့နဲ့ အထူးအလေးအနက်ထား သတိပြုကြဖို့ သမ္မတ ဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။

ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို ပေးပိုတဲ့ သ၀ဏ်လွှာမှာ သမ္မတက အခုလို ပြောကြားလိုက်တာပါ။

“မိမိတို့အားလုံးဟာ ဒီမိုကရေစီရဲ့ အတုအယောင်များနဲ့ အန္တရာယ်များကိုလည်း မျက်ခြည်မပြတ် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီရဲ့ အန္တရာယ်များဆိုတာ ဒီမိုကရေစီ မလိုလားသူများ၊ ဒီမိုကရေစီ ကဖျက်ယဖျက် သမားများ၊ ဒီမိုကရေစီကို မယုံကြည်သူများ၊ ဒီမိုကရေစီကို ယုံကြည်သော်လည်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အားမလိုအားမရဖြစ်ပြီး မိမိသဘောနဲ့မိမိ လုပ်ချင်ရာလုပ်သည့်အတွက် အာဏာရှင်စနစ်ဆီသို့ ပြန်ပြီးအသက်သွင်းပေးသလို ဖြစ်သွားသူများ၊ ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အာဏာရှင်စနစ် တည်မြဲရေးအတွက် ဒီမိုကရေစီကို အလွဲသုံးစားလုပ်သူများ၊ ဒီမိုကရေစီကျင့်စဉ်နဲ့ မညီညွတ်တဲ့ နည်းလမ်းနဲ့ ပြည်သူ့အာဏာကို ရယူဖို့ကြိုးစားသူများဟာ ဒီမိုကရေစီရဲ့ အန္တရာယ်များ ဖြစ်ပါတယ်။ ဒီအန္တရာယ်တွေကို အထူးအလေးအနက်ထား သတိပြုဖို့လိုပါတယ်။”

ဒါကြောင့် “ဒီမိုကရေစီရှင်သန်ရေး ဝိုင်းဝန်းထိန်း ညှိဆောင် ရွက်ပေး” ဆောင်ပုဒ်နဲ့အညီ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးမှာ  နိုင်ငံသူ နိုင်ငံသား တိုင်းရင်းသားအားလုံး စုပေါင်းအင်အားနဲ့ ပါဝင်ကြိုးပမ်းဆောင်ရွက်ဖို့ အရေးကြီးတယ်လို့ သမ္မတက ဆိုပါတယ်။

“ဒီမိုကရေစီနိုင်ငံတခုမှာ အစိုးရဆိုတာ အခြားနိုင်ငံရေး ပါတီများ၊ အခြားအရပ်ဘက်အဖွဲ့အစည်းများ၊ အခြားအသင်းအဖွဲ့များ၊ မီဒီယာများ စသည်တို့နဲ့ အတူယှဉ်တွဲနေတဲ့ လူမှုအသိုက်အဝန်းထဲက အခြေခံကျတဲ့ အဖွဲတခုသာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အခြားနိုင်ငံရေးပါတီများ၊ အခြားအရပ်ဘက်အဖွဲ့အစည်းများ၊ အခြား အသင်းအဖွဲ့များကလည်း ဒီမိုကရေစီ ရှင်သန်ခိုင်မြဲအောင် ဝိုင်းဝန်းကြပ်မတ် ထိန်းညှိပေးကြရမယ့် တာဝန်လည်း ရှိပါတယ်။ အဲဒီတာဝန်ကို မိမိတို့အားလုံးက ဝိုင်းဝန်းထမ်းရွက်ကြမယ်ဆိုရင် ''ဒီမိုကရေစီရှင်သန်ရေး ဝိုင်းဝန်းထိန်း ညှိဆောင်ရွက်ပေး'' ဆိုတဲ့ ဆောင်ပုဒ်ဟာ အကောင်အထည်ပေါ်လာမှာ ဖြစ်ပါတယ်။”

ဒီမိုကရေစီစနစ် ကျင့်သုံးနေတဲ့ နိုင်ငံတွေကို ဂုဏ်ပြုဖို့ ဒီမိုကရေစီကျင့်စဉ်တွေကို အားပေးမြှင့်တင်နိုင်ဖို့၊ ပြည်သူတွေတွေအကြား ဒီမိုကရေစီစိတ်ဓာတ် အစဉ်ရှင်သန်နေစေဖို့နဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေကို အနာဂတ်ကာလ အအစဉ်အမြဲလုပ်ဆောင်စေဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ နှစ်စဉ် စက်တင်ဘာ ၁၅ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အဖြစ်သတ်မှတ်ပြီး နိုင်ငံအလိုက် အထိမ်းအမှတ်အခမ်းအနားတွေ ကျင်းပနေကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013