DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
September 14, 2018
Donate to DVB

မတ်ပဲ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲကတော့ ပိဿာ ၆၀ ဝင် တအိတ်ကို ၄၆၇၈၀  ပေါက်ဈေးရှိပြီး တအိတ်ကို ၇၂၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၄၅၀၀၀ ကနေ ၅၂၀၀၀ ပေါက်ဈေးရှိပြီး ပြောင်းလဲမှုမရှိ ဈေးငြိမ်နေပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၅၂၂၀  ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ပဲတီစိမ်း

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲတီစိမ်း (ခရမ်း၊ ပခုက္ကူ၊ ပဲခူးရွှေဝါ၊ ဝါးခယ်မ) က ပဲတီစိမ်း (ရှယ် ၁၊၂) က ၅၆.၂၅ ပိဿာဝင် တအိတ်ကို ၇၈၇၅၀ ကနေ ၁၂၃၇၅၀ ပေါက်ဈေး ရှိပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ ပဲတီစိမ်း (ရှယ် ၁၊၂) က ၅၆.၂၅ ပိဿာဝင်တအိတ်ကို ကျပ် ၈၁၀၀၀ မှ ၁၀၀၀၀၀ ပေါက်ဈေး ရှိနေပါတယ်။

ပဲကြီး

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲကြီး (ကုန်း၊ ရွှေကျွန်း) က ၅၅.၂၅ ပိဿာဝင် တအိတ်ကို ၁၂၄၈၆၀ ကနေ ၁၅၁၀၀၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ တအိတ်ကို ၁၄၀၀၀၀ မှ ၁၄၅၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၂၀၀၀၀ ကျော် ဈေးကွာခြားမှုရှိပါတယ်။

နှမ်းနက်

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းနက်က ၄၅ ပိဿာဝင် တအိတ်ကို ၁၈၀၀၀၀ ကနေ ၁၈၅၀၀၀ ပေါက်ဈေးရှိပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ ၄၅ ပိဿာဝင် တအိတ်ကို ၁၈၀၀၀၀ မှ ၁၉၅၀၀၀ ကျပ် ရှိပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင်မှာ ကျပ် ၁၀၀၀၀ ဈေးကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲစင်းငုံနီအသစ်က ပိဿာ ၆၀ ဝင် တအိတ်ကို ၃၇၀၀၀ ကျပ်ကနေ ၄၂၀၀၀ ပေါက်ဈေးရှိနေပါတယ်။ မကွေးကုန်စည်ဒိုင်မှာတော့ ပိဿာ ၆၀ ဝင် တအိတ်ကို ၃၉၆၀၀ ဈေးရှိပါတယ်။ မန္တလေးနဲ့ မကွေးကုန်စည်ဒိုင်မှာ ၂၆၀၀ ဈေးကွာခြားမှု ရှိနေပါတယ်။

ပဲဇီးကွက်

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲဇီးကွက်က ၅၈.၂၅ ပိဿာဝင် တအိတ်ကို ကျပ် ၇၅၀၀၀ ပေါက်ဈေးရှိပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ ၅၈.၂၅ ပိဿာဝင် တအိတ်ကို ၇၈၆၃၀ ကျပ်ကနေ ၈၀၁၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင်မှာ ၅၁၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့ အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013