DVB Logo
Home
မြန်မာသတင်း
ဖြူးမြို့နယ် အုပ်ချုပ်ရေးမှူး မပြောင်းရွှေ့ရန် ဒေသခံများ ဆန္ဒထုတ်ဖော်
DVB
·
September 14, 2018
ဖြူးမြို့နယ် အုပ်ချုပ်ရေးမှူး မပြောင်းရွှေ့ရန် ဒေသခံများ ဆန္ဒထုတ်ဖော်
Donate to DVB

ပဲခူးတိုင်း၊ ဖြူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးကို တခြားဒေသကို မပြောင်းရွှေ့ဖို့အတွက် ဗိုလ်ချုပ်ကြေးရုပ်ရင်ပြင်မှာ ဒီကနေ့မနက်က ရပ်မိရပ်ဖတွေ ဦးဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူး ပြောင်းလာတာ တနှစ်မပြည့်သေးခင်မှာ ပြောင်းရွှေ့ရမယ်လို့ ကြားရတဲ့အတွက် ဖြူးမြို့နယ်တိုးတက်ရေး လုပ်ဆောင်နေတဲ့ အုပ်ချုပ်ရေးမှူး မပြောင်းရရေးအတွက် တောင်းဆိုတာလို့ ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်သူ မြို့မိမြို့ဖ ဦးစိန်ထွန်းက ပြောပါတယ်။

“မြို့နယ်အုပ်ချုပ်ရေးမှူးဟာ ကျနော်တို့ ဖြူးမြို့နယ် တိုးတက်ရေးအတွက် အများကြီး လုပ်ပါတယ်။ နောက် ဆက်လုပ်စရာတွေလည်း ရှိပါတယ်။ ကျနော်တို့ သာသနာရေး၊ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေးကအစ အားလုံးကို ဆောင်ရွက်ပေးပါတယ်။ အဲဒီတော့ သူပြောင်းလာတာလည်း တနှစ်မပြည့်သေးပါဘူး။ အဲဒီအတွင်းမှာ ပြောင်းလိုက်ရင် ကျနော်တို့ရဲ့ တိုးတက်ရေးလုပ်ငန်းတွေ နှောင့်နှေးသွားမှာပါ။ အဲဒါကို မနှောင့်နှေးအောင်လို့ အချိန်အရ သူ့ဟာနဲ့သူ ဆက်လုပ်နိုင်အောင်လို့ ကျနော်တို့က ဝန်းရံပေးတာပါ။”

လက်ရှိအုပ်ချုပ်ရေးမှူးက မြို့နယ်တိုးတက်ရေးအတွက် တက်တက်ကြွကြွ လုပ်ဆောင်သူမို့ လာရောက်ဝန်းရံတာလို့ ရွာတန်းရှည်ကျေးရွာနေ ဒေါ်တင်မြင့်က ပြောပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးဟာ ဖြူးမြို့နယ်မှာ ၂၀၁၇ အောက်တိုဘာလကစပြီး မြို့နယ်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ - ကျော်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013