
အကြားအာရုံမသန်စွမ်းသူတွေအတွက် မြန်မာစံ လက်သင်္ကေတပြ ဘာသာစကား ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရည်ရွယ်ပြီး အလုပ်ရုံဆွးနွေးပွဲ ကျင်းပခဲ့ပါတယ်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်း ဦးစီးဌာနက ဦးဆောင်ပြီး စက်တင်ဘာ ၁၄ ရက်နေ့က တာမွေမြို့နယ်မှာရှိတဲ့ နားမကြားသော ကလေးများကျောင်း ရန်ကုန်မှာ ကျင်းပခဲ့ပါတယ်။
ဒါ့ပြင် သတင်းအချက်လက်တွေမှာ မြန်မာစံလက်သင်္ကေတပြ ဘာသာစကားကို အသုံးပြုနေတဲ့ MRTV၊ DVB နဲ့ MNTV ရုပ်သံအစီအစဉ်တွေမှာ သင်္ကေတဖော်ပြချက်တွေ တပြေးညီဖြစ်စေဖို့နဲ့ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ နားမကြားသူတွေ ပညာရေး၊ ကျန်းမာရေးနဲ့ တခြားလိုအပ်ချက်တွေမှာ လက်သင်္ကေတပြ ဘာသာစကား ဝန်ဆောင်မှုပေးတဲ့အခါ အဆင်ပြေစေဖို့ ဆွေးနွေးပွဲကို ကျင်းပရတာလို့ ဆိုပါတယ်။
ဒုတိယအကြိမ်ပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲကို ၂ ရက်အကြာ ကျင်းပမှာဖြစ်ပြီး စကားလုံးပေါင်း ၃၀၀ ကို ဆွေးနွေးသွားမှာပါ။ အဲဒီအလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ နားမကြားကျောင်းတွေက ကျောင်းအုပ် ဆရာဆရာမတွေ နားမကြား အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေနဲ့ နားမကြားသူတွေ တက်ရောက်ဆွေးနွေးကြပါတယ်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာတနိုင်ငံလုံးမှာ မသန်စွမ်းဦးရေ ၂၃ သိန်းကျော်ရှိပြီး အကြားအာရုံ မသန်စွမ်းသူ ၆ သိန်း ၇ သောင်းကျော်ရှိနေပါတယ်။
သတင်းနှင့်ဓာတ်ပုံ - သူဇာလင်း










