DVB Logo
Home
မြန်မာသတင်း
မြောင်းမြတံတားအသစ် ၂၀၁၉ ခု၊ မတ်လတွင် အပြီးတည်ဆောက်မည်
DVB
·
September 14, 2018
မြောင်းမြတံတားအသစ် ၂၀၁၉ ခု၊ မတ်လတွင် အပြီးတည်ဆောက်မည်
Donate to DVB

မြောင်းမြတံတားသစ်ကို ၂၀၁၉ ခုနှစ်၊ မတ်လမှာ အပြီးတည်ဆောက်ဖွင့်လှစ်သွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးကျော်လင်းက ပြောပါတယ်။

စက်တင်ဘာ ၁၄ ရက် ပြည်ထောင်စုလွှတ်တော်မှာ ဒုဝန်ကြီးက တံတား သစ်တည်ဆောက်ဖို့အတွက် အရေးပေါ်ရန်ပုံငွေ ထမ်မံတောင်းဆိုရင်း ပြောခဲ့တာ ဖြစ်ပါတယ်။

“လက်ရှိ အခြေအနေအရ တည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံတော်မှ အရေးပေါ်ရန်ပုံငွေ ကျပ် ၆ ဘီလီယံအား တင်ပြတောင်းခံခဲ့ရခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ထပ်မံလိုအပ်သည့် ရန်ပုံငွေ ၁၅ ဒသမ ၃၅ ဘီလီယံကိုလည်း ၂၀၁၈-၁၈ ဘဏ္ဍာရေးနှစ်တွင် တင်ပြတောင်းခံထားပြီးတော့ တံတားတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းအားလုံးကို ၂၀၁၉ မတ်လမှာ အပြီးတည်ဆောက်ပေးသွားမှာဖြစ်ပါသဖြင့် ပြည်သူများ ကောင်းမွန်ချောမွေ့စွာ အမြန်ဆုံး သွားလာနိုင်စေရေး လပွတ္တာ-အိမ်မဲ-ကျောင်းကုန်း-ကျုံပျော် လမ်းပေါ်ရှိ မြောင်းမြတံတားအသစ် တည်ဆောက်ခြင်းလုပ်ငန်းအတွက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ခွင့်ပြုပေးထားသော အရေးပေါ်ရန်ပုံငွေကျပ် ၆ ဘီလီယံအား ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် တင်ပြရင်း နိဂုံးချုပ်ပါတယ်။”

တံတားသစ်ကို တနှစ်အတွင်း ပြီးစီးအောင် တံတားဒီဇိုင်းပုံစံအသစ်နဲ့ ပြောင်းလဲတည်ဆောက်ခဲ့ပြီး ဂျပန်နိုင်ငံက ဆောက်လုပ်ရေးကုမ္ပဏီတခုနဲ့ ပူးတွဲ တည်ဆောက်နေတာ ဖြစ်ပါတယ်။

တံတားအသစ်ဟာ ၂၇၂၃ ပေ ရှည်ပြီး တံတားတည်ဆောက်ရေးအတွက် ခန့်မှန်းကုန်ကျငွေက ၂၅ ဒသမ ၂၅ ဘီလီယံ ဖြစ်ပါတယ်။

မြောင်းမြကျိုးတံတားဟာ အခုနှစ် ဧပြီလအတွင်းမှာ ကျိုးကျခဲ့ပြီး လတ်တလောမှာ ဒေသခံပြည်သူတွေဟာ ဇက်ရေယာဉ်နဲ့ ကူးသန်းသွားလာနေကြရတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013