DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲ မဲစာရင်းကို အိမ်ထောင်စုအလိုက် ပြုစုထား
DVB
·
September 14, 2018
ကြားဖြတ်ရွေးကောက်ပွဲ မဲစာရင်းကို အိမ်ထောင်စုအလိုက် ပြုစုထား
Donate to DVB

၂၀၁၈ ခုနှစ် နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရာမှာ အက္ခရာစဉ် အလိုက် မပြုစုတော့ဘဲ အိမ်ထောင်စုအလိုက် ပြုစုထားတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲက မဲစာရင်းကိုအခြေခံပြီး မဲစာရင်းပြုစုတယ်ဆိုပေမယ့် ၂၀၁၅ တုန်းက အက္ခရာစဉ်အလိုက် မဲစာရင်းပြုစုခဲ့လို့ မဲစာရင်းလာကြည့်တဲ့သူတွေ အခက်အခဲ ဖြစ်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။

“၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ မဲစာရင်းအပေါ်မှာ အခြေခံပြီး ပြုစုခဲ့တယ် ပြော တယ်။ ဒီလိုပြုစုတဲ့နေရာမှာ ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲက မဲစာရင်းမှာ အက္ခရာစဉ် အလိုက် ပြုစုထားခဲ့တယ်။ အဲဒီမှာ မဲစာရင်းလာကြည့်တဲ့သူတွေ အခက်အခဲ နည်းနည်းရှိတယ်။ ကိုယ့်အိမ်ထောင်စုတစ်ခုတည်းကပဲ အက္ခစဉ်နဲ့ဆိုတော့ မဲစာရင်းမှာ တသီးတခြားစီ ဖြစ်သွားတယ်။ ခုတော့ အက္ခရာစဉ်အလိုက် မဟုတ်တော့ဘဲ အိမ်ထောင်စုအလိုက် ပြန်ပြီးပြုစုတယ်။”

အိမ်ထောင်စုအလိုက် မဲစာရင်းပြုစုရာမှာ အချိန်ယူရပြီး ငါးပတ်လောက်အတွင်း ပြီးစီးအောင် လုပ်နိုင်ခဲ့တယ်လို့လည်း ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က နိုင်ငံပိုင်သတင်းဌာနနဲ့ ဆွေးနွေးခန်းမှာ ပြောခဲ့တာပါ။

သက်ဆိုင်ရာ ရွေးကောက်ပွဲ နည်းဥပဒေအရ မဲစာရင်းကြေညာရင် မဲဆန္ဒရှင် ပြည်သူတွေက မဲစာရင်းမှာ မိမိနာမည်ပါ၊ မပါ လာရောက်စစ်ဆေးဖို့ တာဝန်ရှိတယ်လို့ အတိ အကျ ပြဋ္ဌာန်းထားပါတယ်။

လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲကို လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအတွက် ကျင်းပမှာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးထဲမှာ လစ်လပ်နေရာ ၂ နေရာအတွက် ရွေးကောက်ပွဲကျင်းပသွားမှာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးထဲမှာရှိတဲ့ ဆိပ်ကမ်းမြို့နယ်မှာတော့ မဲဆန္ဒရှင်စုစုပေါင်းရဲ့ ၄၇ ရာခိုင်နှုန်းသာ မဲစာရင်းကို လာရောက်ကြည့်ရှုခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ပြောရေးဆိုခွင့်ရှိသူ ဦးစန်းမြင့်အောင်က ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013