DVB Logo
Home
မြန်မာသတင်း
ရေဘေးကြောင့် ပဲအထွက်​နှုန်းကျဆင်းပြီးေ​တာင်​သူ​များ အရှုံး​ပေါ်
DVB
·
September 14, 2018
ရေဘေးကြောင့် ပဲအထွက်​နှုန်းကျဆင်းပြီးေ​တာင်​သူ​များ အရှုံး​ပေါ်
Donate to DVB

ပဲနှမ်း​ဈေးနှုန်း​တွေ မြင့်တက်​​နေ​ပေမယ့် မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးမှုဒဏ်​​ကြောင့် အထွက်​နှုန်းကျဆင်းလို့ မကွေးတိုင်းဒေသကြီး မ​ကွေးမြို့နယ်​ရှိေ​တာင်​သူ​တွေ အရှုံး​ပေါ်နေကြပါတယ်။

မ​ကွေးမြို့နယ်​ ​ဒေသခံ​တောင်​သူ ကိုညီညီစိုးက "အခုနှစ်​ထွက်​ရှိတဲ့ အ​နေထားအရ ၁ ဧကကို ကျပ် ၁ ​သိန်းလောက် လူတိုင်းရှုံးကြတယ်​။ ရာသီဥတုမ​ကောင်းလို့ အထွက်​နှုန်း ကျဆင်းတဲ့အတွက်​ ကုန်​ကျစရိတ်​နဲ့ မမျှဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်​။

တောင်​သူ ကို​ဝေဇင်​​အောင်​က "ခါတိုင်းနှစ်​​တွေက ပဲနှမ်းသီးနှံအထွက်​နှုန်း​ ကောင်း​ပေမယ့် ​ဈေးကွက်​မ​ကောင်း​တော့ ရှုံးတယ်​။ အခုနှစ်​ကျ​တော့ ​ဈေးကွက်​​ကောင်း​ပေမယ့် ရာသီဥတုဖျက်​လို့ သီးနှံမထွက်​ဘူး။ ဈေးကွက်​တည်​တည်​ငြိမ်​ငြိမ်​ ရှိစေချင်​တယ်​။ ဒီ​နှစ်​​ဈေးကွက်​အတိုင်း ပုံမှန်ရှိရင်​ ​နောက်​နှစ်​စိုက်​ပျိုးဖို့အတွက်​ မျှော်​မှန်းချက်​ရှိတာ​ပေါ့" လို့ ပြောပါတယ်​။

အရှုံး​ပေါ်တဲ့အတွက်​ တောင်သူတွေ ​မျှော်​မှန်းချက်​နဲ့ ရည်​ရွယ်​ချက်​​တွေ ပျောက်​သွားပြီး ယာလုပ်​ရမှာကို စိတ်​ဓာတ်​ကျနေကြတယ်လို့ တောင်သူတဦးက ဆိုပါတယ်။

“နောက်​မျိုးဆက်​​တွေကို ယာလုပ်​ဖို့ ယာအ​မွေ​ပေးဖို့ ခဲယဉ်းသွားပြီ၊ ယာနားကပ်​​နေတဲ့ ဇတိုင်​ကန်​ရွာမှာဆိုရင်​ ယာလုပ်​တဲ့သူ သိပ်မရှိ​တော့ဘူး၊ ​ဘေးထွက်​ပြီး အလုပ်​လုပ်​ကြ​တော့တာ။ ယာလုပ်​ပြီး တနှစ်​စာ ဆန်​ဝယ်​စားဖို့ကို မလွယ်​ကူ​တဲ့အတွက်​ ​တော်​​တော်​စဉ်းစား​နေရပြီ။"

မ​ကွေးတိုင်း​ဒေသကြီးမှာ ဇွန်​လအတွင်းက မိုးအဆက်​မပြတ်​ ရွာသွန်းပြီး သီးနှံစိုက်​ဧက ​ခြောက်​​သောင်း​ကျော်​ ​ရေလွှမ်းမိုး နစ်​မြုပ်​မှုဒဏ် ခံခဲ့ရပါတယ်​။ မ​ကွေးတိုင်းအတွင်း မြေပဲစိုက်​ ဧက ၃၇၄၆၈၂၊ နှမ်း ၁၀၉၁၉၅၉ ဧက ရှိတယ်လို့ သိရပါတယ်။

သတင်း - မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013