DVB Logo
Home
မြန်မာသတင်း
အငှားကိုယ်ဝန်ဆောင် လူကုန်ကူးမှုပုံစံသစ် အရေးယူနိုင်ခဲ့ဟု ဒုသမ္မတပြော
DVB
·
September 14, 2018
အငှားကိုယ်ဝန်ဆောင် လူကုန်ကူးမှုပုံစံသစ် အရေးယူနိုင်ခဲ့ဟု ဒုသမ္မတပြော
Donate to DVB

၂ဝ၁၈ ခုနှစ်အတွင်း ထူးခြားချက်အနေနဲ့ အငှားကိုယ်ဝန်ဆောင်တဲ့ လူကုန်ကူးမှု ပုံစံအသစ်တွေကို ဖော်ထုတ်အရေးယူနိုင်ခဲ့ပြီး ပြည်တွင်းလူကုန်ကူးမှုတွေမှာ ပြည့်တန်ဆာပြုမှုနဲ့ အဓမ္မလုပ်အားခေါင်းပုံဖြတ်မှုတွေ အဓိကဖြစ်ပွားနေတယ်လို့ ဒုသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ပြောကြားလိုက်ပါတယ်။

စက်တင်ဘာ ၁၃ ရက်နေ့က နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပတဲ့ ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ ပြောကြားလိုက်တာပါ။

မြန်မာနိုင်ငံရဲ့ လူကုန်ကူးမှုပြဿနာဟာ အိမ်နီးချင်းနိုင်ငံအပါအဝင် ဒေသတွင်း နိုင်ငံအချို့ရဲ့ ဈေးကွက်လိုအပ်ချက်တွေနဲ့ ချိတ်ဆက်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

၂ဝ၁၇ ခုနှစ်အတွင်း လူကုန်ကူးခံရမှုမှာ တရုတ်နိုင်ငံကို ၇၄ ဒသမ ၃၄ ရာခိုင်နှုန်း၊ ထိုင်းကို ၄ ဒသမ ၃၇ ရာခိုင်နှုန်း၊ မလေးရှားကို ဝ ဒသမ ၂၉ ရာခိုင်နှုန်းရှိပြီး ပြည်တွင်း လူကုန်ကူးမှု ၂၁ ဒသမ၂၈ ရာခိုင်နှုန်း ဖြစ်ပွားခဲ့တယ်လို့ ဒုသမ္မတက ပြောပါတယ်။

“အိမ်နီးချင်းနိုင်ငံများဆီသို့ တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်ရာမှတဆင့် လူကုန်ကူးခံကြရပြီး အမျိုးသမီးအများစုသည် အဓမ္မထိမ်းမြားလက်ထပ်ရန် လူကုန်ကူးခံနေရသည်ကို တွေ့ရှိရပါကြောင်း၊ ထူးခြားမှုအနေဖြင့် ၂ဝ၁၈ ခုနှစ်တွင် အငှားကိုယ်ဝန်ဆောင်သည့် လူကုန်ကူးမှု ပုံစံအသစ်များကိုလည်း ဖော်ထုတ်အရေးယူနိုင်ခဲ့ ပါကြောင်း၊ ပြည်တွင်းလူကုန်ကူးမှုများတွင် ပြည့်တန်ဆာပြုမှုနှင့် အဓမ္မလုပ်အား ခေါင်းပုံဖြတ်မှုများအဓိကဖြစ်ပွား လျက်ရှိပါကြောင်း။”

မြန်မာနိုင်ငံရဲ့ လူကုန်ကူးခံရမှုဖြစ်စဉ်တွေမှာ ပုံစံ ၅ မျိုး ဖြစ်ပွားနေပြီး ၂ဝ၁၇ ခုနှစ် ကိန်းဂဏန်းတွေအရ အဓမ္မထိမ်းမြားလက်ထပ်မှု ၆ဝ ဒသမ၁ ရာခိုင်နှုန်း၊ အဓမ္မပြည့်တန်ဆာပြုမှု ၁၇ ဒသမ၂ ရာခိုင်နှုန်း၊ အဓမ္မအလုပ်ခိုင်းစေမှု ၂ဝ ဒသမ ၉ ရာခိုင်နှုန်း၊ ကလေးသူငယ်လူကုန်ကူးမှု ဝ ဒသမ ၈ ရာခိုင်နှုန်း၊ ကြွေးမြီနဲ့ နှောင်ဖွဲ့ခိုင်းစေမှု ၁ဒသမ ဝ ရာခိုင်နှုန်း ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ပဉ္စမအကြိမ်မြောက် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ ပြီးဆုံးတဲ့ အချိန်ကစပြီး ဒီနေ့အထိ လူကုန်ကူးမှု ဖော်ထုတ်မှုပေါင်း ၂ဝ၁ မှု၊ လူကုန်ကူးခံရသူ ကျား ၃၂ ဦး၊ မ ၂၁၈ ဦး စုစုပေါင်း၂၅ဝ ဦး စိစစ်သတ်မှတ်နိုင်ခဲ့ပြီး တရားစွဲတင်နိုင်ခဲ့တဲ့ အမှုအရေအတွက် ၁၄၂ မှု၊ လူကုန်ကူးသူ တရားခံကျား ၁ဝ၆ ဦး၊ မ၂၆ဝ ဦး စုစုပေါင်း ၃၆၆ ဦးတို့ကို ဖော်ထုတ် အရေးယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013