DVB Logo
Home
မြန်မာသတင်း
သရုပ်ဆောင် အောင်ရဲထွေးအမှု ရုပ်သိမ်းပေးရန် ကျပ်သိန်း ၇၂၀ နှင့် အရက်ပုလင်း လာဘ်ထိုးခဲ့ရ
DVB
·
September 14, 2018
သရုပ်ဆောင် အောင်ရဲထွေးအမှု ရုပ်သိမ်းပေးရန် ကျပ်သိန်း ၇၂၀ နှင့် အရက်ပုလင်း လာဘ်ထိုးခဲ့ရ
Donate to DVB

သရုပ်ဆောင် အောင်ရဲထွေးအမှု ရုပ်သိမ်းပေးဖို့ ရန်ကုန်တိုင်း ဥပဒေချုပ်အပါအဝင် ဥပဒေ အရာရှိကြီးတွေဟာ ကျပ်သိန်း ၇၂၀ နဲ့ အရက်ပုလင်းတွေ၊ ပါတိတ်ထမီတွေ လာဘ်စားခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဒုညွှန်ကြားရေးမှူး ဦးကျော်စိုးက ဒီဗွီဘီကို အတည်ပြုပြောပါတယ်။

လာဘ်ငွေကိုတော့ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူးဟာ ကျပ်ငွေ သိန်း ၁၅၀၊ Blue Label အရက်ပုလင်းတလုံးနဲ့ အင်္ကျီတထည် ရယူခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီး ဥပဒေအရာရှိ ဦးသိန်းဇော်က ကျပ်ငွေ သိန်း ၅၀၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေးက ကျပ်ငွေ သိန်း ၁၃၀ နဲ့ Gold label အရက်ပုလင်း တလုံးယူခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရန်ကုန်အရှေ့ပိုင်းခရိုင် ဒုခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်က ကျပ်ငွေ သိန်း ၃၀ နဲ့ ပါတိတ်လုံခြည်တထည်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှ ဒုခရိုင်တရားသူကြီး ဦးအောင်ကြည်က ကျပ်သိန်း ၃၃၀၊ ရွှေပေါက္ကံ နယ်မြေစခန်းမှူး ရဲအုပ်ချစ်ကိုကိုက ကျပ်ငွေ သိန်း ၃၀ ရယူခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ကော်မရှင်က ဒုညွှန်ကြားရေးမှူး ဦးကျော်စိုးက ပြောပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့ ဒီအမှုကို လူမှုကွန်ရက် စာမျက်နှာတွေမှာ ဝေဖန်ပြောဆိုခဲ့တာတွေ ရှိနေတာကြောင့် ကျော်ဇောသတင်းသတ်မှတ်ခဲ့ပြီး ပြီးခဲ့တဲ့ သြဂုတ်က ခုံရုံးဖွဲ့စစ်ဆေးခဲ့တာပါ။

အဂတိလိုက်စားမှုဥပဒေမှာ လာဘ်ပေး လာဘ်ယူသူ ၂ ဦးစလုံးကို အရေးယူလို့ ရတယ်လို့ ပါရှိပေမယ့် လက်ရှိမှာတော့ လာဘ်ငွေပေးသူ ဦးခင်မောင်လေးကိုတော့ အမှုမှာ တရားလိုပြသက်သေအဖြစ် တင်သွင်းထားတာကြောင့် အရေးယူဖို့ မရှိသေးဘူးလို့ ဆိုပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဟာ ထောင်ဒဏ် ၁၅ နှစ်နဲ့ ငွေဒဏ် ချမှတ်နိုင်ပြီး ပုဒ်မ ၅၆ ဟာ ထောင်ဒဏ် ၁၀ နှစ်နဲ့ ငွေဒဏ်ချမှတ်နိုင်ပါတယ်။

ပြည့်ဘုန်းအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013