DVB Logo
Home
မြန်မာသတင်း
တရားဥပဒေရေးရာ ကော်မတီဝင်များ မိတ်ဆက်ပွဲ ပြုလုပ်
DVB
·
August 9, 2012
Donate to DVB

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မယ့် တရားဥပဒေရေးရာ ကော်မတီမှာ ပါဝင်ကြတဲ့ ကော်မတီဝင်တွေနဲ့ မိတ်ဆက်တွေ့ဆုံပွဲတခု ဒီနေ့မနက်ပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။

လုပ်ငန်းခေါင်းစဉ် ၄ ခုခွဲ လုပ်ဆောင်သွားကြဖို့ ဆွေးနွေးဖြစ်ခဲ့ကြတဲ့ အကြောင်း၊ ရေးရာကော်မတီဝင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ကျောက်ပန်းတောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။

“အဓိကထားပြီး လုပ်နိုင်မယ့်၊ လောလောဆယ် နိုင်ငံမှာ အမြန်ဆုံးလုပ်နိုင်ဖို့လိုနေတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ဘယ်ဟာဖြစ်မလဲဆိုတာ တိုင်ပင်ကြတာပေါ့။ ပထမအဖွဲ့ကတော့ တရားဥပဒေ၊ ဥပဒေကြမ်း လက္ခဏာများကို လေ့လာဆန်းစစ်ခြင်းအဖွဲ့၊ အဲမှာ ၃ ယောက်။ နောက် တရားစီရင်ခြင်းများကို လေ့လာသုံးသပ်ခြင်းဆိုပြီးတော့ တဖွဲ့။ နောက် အုပ်ချုပ်ရေးဆိုင်ရာ တရားဥပဒေ လုပ်ငန်းအဖွဲ့။ နောက် ဥပဒေများကို ပညာပေးခြင်းနဲ့ ဖြန့်ချိရေးအဖွဲ့ဆိုပြီးတော့ အဖွဲ့ ၄ ဖွဲ့ ဖွဲ့ထားပါတယ်။ ကျနော်တို့ အဖွဲ့လို့ပဲ သုံးပါတယ်။”

ရေးရာကော်မတီရဲ့ ဆွေးနွေးပွဲကို အပတ်စဉ်ကြာသာပတေးနေ့ မနက်တိုင်း ပြုလုပ်သွားမယ်လို့လည်း ပြောပါတယ်။

ဩဂုတ် ၇ ရက်နေ့က ကျင်းပပြုလုပ်တဲ့ လွှတ်တော်ကနေ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီကို အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပါတယ်။

အဖွဲ့ဝင်တွေအဖြစ်

(၂) ဦးမန်းမောင်မောင်ဥာဏ် ပန်းတနော် မဲဆန္ဒနယ်၊ အဖွဲ့ဝင်

(၃) ဦးမင်းဆွေ၊ ဒိုက်ဦးမဲဆန္ဒနယ်၊ အဖွဲ့ဝင်

(၄) ဒေါ်ဒွဲဘူ၊ အင်န်ဂျန်းယန် မဲဆန္ဒနယ်၊ အဖွဲ့ဝင်

(၅) ဦးစိုင်းထွန်းစိန် မိုင်းပြင်း မဲဆန္ဒနယ်၊ အဖွဲ့ဝင်

(၆) ဒေါက်တာရိုအုပ် မတူပီ၊ မဲဆန္ဒနယ်၊ အဖွဲ့ဝင်

(၇) ဦးခင်မောင်မြင့် ဇီးကုန်းမဲဆန္ဒနယ်၊ အဖွဲ့ဝင်

(၈) ဒေါ်မိယဉ်ချမ်း၊ ကျိုက်မရော မဲဆန္ဒနယ်၊ အဖွဲ့ဝင်

(၉) ဒေါ်လဲ့လဲ့ဝင်းဆွေ၊ တာမွေ၊ မဲဆန္ဒနယ်၊ အဖွဲ့ဝင်

(၁၀) ဦးစိုးရယ်၊ ဒီမောဆို၊ မဲဆန္ဒနယ်၊ အဖွဲ့ဝင်

(၁၁) ဒေါ်ခင်စောဝေ၊ ရသေ့တောင် မဲဆန္ဒနယ်၊ အဖွဲ့ဝင်

(၁၂) ဦးနယ်လ်ဆင် (ခ) ဦးဆောင်ဆီ ၊ ကျောက်မဲ မဲဆန္ဒနယ်၊ အဖွဲ့ဝင်

(၁၃) ဦးသိန်းညွန့်၊ သင်္ဃန်းကျွန်းမဲဆန္ဒနယ်၊ အဖွဲ့ဝင်

(၁၄) ဒေါက်တာဇော်မြင့်မောင်၊ ကျောက်ပန်းတောင်းမဲဆန္ဒနယ်တို့ ပါဝင်ပြီး
အဖွဲ့အတွင်းရေးမှူးက ဦးဝင်းမြင့်၊ ပုသိမ်မဲဆန္ဒနယ် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013