DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
September 13, 2018
Donate to DVB

မတ်ပဲ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲကတော့ ပိဿာ ၆၀ ဝင် တအိတ်ကို ၄၇၅၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၆၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၄၅၀၀၀ ကနေ ၅၂၀၀၀ ပေါက်ဈေးရှိပြီး မနေ့ကဈေးအတိုင်း ပြောင်းလဲမှုမရှိပါဘူး။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၄၅၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ပဲစင်းငုံနီက တအိတ်ကို ၄၂၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၄၂၆ဝ၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၆၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ကုလားပဲ v2

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ကုလားပဲ v2 က ၅၇.၂၅ ပိဿာဝင် တအိတ်ကို ၇၅၀၀၀ မှ ၇၆၀၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၁၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၇၅၃၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၃၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၇၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ပဲဇီးကွက်

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ပဲဇီးကွက်က ၅၈.၂၅ ပိသာဝင် တအိတ်ကို ၇၇၀၀၀ ကနေ ၇၈၀၀၀ ပေါက်ဈေးရှိပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၇၆၅၀၀ ပေါက်ဈေးရှိပြီး မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၁၅၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

နှမ်းညို

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းညိုက ၄၅ ပိဿာဝင် တအိတ်ကို ၁၃၈၀၀၀ ကနေ ၁၄၂၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတာ့ တအိတ်ကို ၁၄၁၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၅၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၁၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

စားအုန်းဆီ

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ စားအုန်းဆီက တပိဿာကို ၁၈၁၀ ကနေ ၁၈၂၀ ရှိပြီး တပိဿာကို ၁၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တပိဿာကို ၁၈၂၀ ရှိပြီး တပိဿာကို ၁၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် ဈေးကွာခြားမှု မရှိပါဘူး။

အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့ အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013