DVB Logo
Home
မြန်မာသတင်း
ဓားထိုးသတ်ခံရသည့် ​ကျောက်​ဆည်ကျောင်းသားအမှု ရုံးထုတ်
DVB
·
September 13, 2018
ဓားထိုးသတ်ခံရသည့် ​ကျောက်​ဆည်ကျောင်းသားအမှု ရုံးထုတ်
Donate to DVB

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့မှာ ဓားနဲ့ထိုးသတ်ခံခဲ့ရတဲ့ အစိုးရ စက်​မှုလက်​မှု အထက်တန်းကျောင်းသားကို သတ်​ခဲ့တဲ့တရားခံ​တွေကို စက်တင်ဘာ ၁၃ ရက်က ရုံးထုတ်ခဲ့ရာ ကျောင်းသားသမဂ္ဂများနဲ့ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့အတူ ပြည်သူ ၇၀၀ ကျော် လာရောက်ဝန်းရံ စောင့်ကြည့်ခဲ့ကြပါတယ်​။

ကျောက်ဆည်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူး မသီထက်​စံက “ခုလာရောက် ဝန်းရံရတာ အသတ်ခံရတဲ့ကျောင်းသား အမှုကို အမှုမှန်ပေါ်စေချင်တယ် ဒါ့ကြောင့်လည်း ကျောင်းသား ကျောင်းသူတွေစုပြီး လာရောက်ဝန်းရံ စောင့်ကြည့်ကြတာပါ။ ခုဟာက အုပ်စုဖွဲ့ပြီး အနိုင်ကျင့်တာဖြစ်တယ်”လို့ ပြောပါတယ်​။

ကျောက်​ဆည်​မြို့ခံ ​ကျောင်းသားမိဘတဦးဖြစ်​တဲ့ ​ဒေါ်နွယ်​နီ​အောင်​က “ကျမ စိတ်​မ​ကောင်းဘူး။ ကျမသား​လေးသာဆိုရင်​ ရင်​ကျိုးရမှာ​လေ။ မိဘချင်း ကိုယ်​ချင်းစာမိတယ်​။ ကျမတို့​ကျောက်​ဆည်​မှာ ဒီလိုဖြစ်​ရပ်​မျိုး​တွေ ​နောက်​ထပ်​မ​ပေါ်​စေချင်​ဘူး။ အဖြစ်​မှန်​​လည်း အမြန်​ဆုံး​ပေါ်​ပေါက်​​စေချင်​တာ။ အပြစ်​ရှိတဲ့သူ​တွေကိုလည်း ထိထိ​ရောက်​​ရောက်​ အ​ရေးယူ​စေချင်​တယ်”​လို့​ ပြောပါတယ်​။

ကျောက်​ဆည်​မြို့​ဒေသခံ ၃၀၀​ ကျော်​က တရားခံကို အချုပ်​ကားနဲ့မ​ခေါ်ဘဲ အိမ်​စီးကား မတ်​တူး​ရွှေငါးနဲ့​ခေါ်လာတဲ့အတွက်​ မ​ကျေမနပ်​​ကြောင်း​ ပြောဆို​အော်​ဟစ်​ခဲ့ကြပါတယ်​။

ကျောက်ဆည်မြို့ ပြည်လုံးနိုင်ရပ်ကွက် ရန်ကုန် - မန္တလေးလမ်း ဘေးမှာ အလီဘိုင် (ခ) မင်းခန့်ကျော်၊ အောင်သူဟိန်းနဲ့ မင်းချစ်အောင်တို့ က သန့်ဇင်မင်းနဲ့ နေမင်းထက် တို့ကို ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြပြီး နေမင်းထက်ကို ဓားဖြင့်ထိုးခဲ့တာ​ကြောင့်​ ကျောက်ဆည်ဆေးရုံကို တင်ပို့ခဲ့ပေမယ့် သေဆုံးသွားခဲ့ပါတယ်​။

ဝိုင်းဝန်းထိုးကြိတ်တဲ့အတွက် သန့်ဇင်မင်းက ဝင်ရောက်တားဆီးရာ အမည်မသိ လူ (၃) ဦးက သန့်ဇင်မင်းနဲ့ နေမင်းထက် တို့ကို ခြေထောက်နဲ့ ကန်ကြောက် ထိုးကြိတ်ပြီး ဆိုင်ကယ်နဲ့ ထွက်ပြေးသွားခဲ့ပါတယ်​။

ဒီအမှုဖြစ်​စဉ်​နဲ့ပတ်သက်​ပြီး အလီဘိုင် (ခ) မင်းခန့်ကျော် (၂၁) နှစ် ၊အောင်သူဟိန်း (၂၀) နဲ့အတူ မင်းချစ်အောင် (၁၉) နှစ်တို့ကို ကျောက်ဆည်မြို့မရဲစခန်းမှာ (ပ) ၇၃၁/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၁၁၄/၃၉၄ အမှုဖွင့်ထားပြီး ရုံးချိန်းကို အခုလာမယ့် စက်​တင်ဘာလ ၂၇ ရက်​​ကို ပြန်​လည်​ချိန်းဆိုထားပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013