DVB Logo
Home
မြန်မာသတင်း
မြင်းခြံမြို့နယ်​တွင်​ မဲစာရင်းကြည့်ရန် စိတ်​ဝင်​စားသူနည်းပါး
DVB
·
September 13, 2018
မြင်းခြံမြို့နယ်​တွင်​ မဲစာရင်းကြည့်ရန် စိတ်​ဝင်​စားသူနည်းပါး
Donate to DVB

မန္တ​လေးတိုင်း​ဒေသကြီး၊ မြင်းခြံမြို့နယ်​မှာ​ နိုဝင်​ဘာ ၃ ရက်​​နေ့ ကျင်းပမယ့် ကြားဖြတ်​​ရွေး​ကောက်​အတွက်​ မဲဆွယ်​ကာလ​ရောက်​ရှိချိန်​ဖြစ်​​ပေမဲ့ မဲစာရင်းကို လာ​ရောက်​ကြည့်​ရှုသူ စိတ်​ဝင်​စားသူ နည်း​နေတယ်​လို့ ခရိုင်​​ကော်​မရှင်​ရုံးက သိရပါတယ်​။

မြင်းခြံခရိုင် ​​​​ရွေး​​ကောက်ပွဲ​ကော်​မရှင်​ ဥက္ကဋ္ဌ ဦးခင်​​မောင်​ က "ပထမအကြိမ် ​မဲစာရင်း​ ကြေညာခဲ့စဉ်​က မဲစာရင်းကိုလာ​ရောက်​ကြည့်ရှုသူ အားနည်းပါတယ်​။ အဓိက ပါတီ​တွေအ​နေနဲ့ အထူးဂရုစိုက်​ပြီး​ လေ့လာ​စေချင်​ပါတယ်​။ သူတို့ရဲ့ မဲဆန္ဒရှင်​​တွေ ဘယ်​သူ​တွေပါမယ်​ မပါဘူးဆိုတာကို သူတို့သိဖို့လိုပါတယ်​။ ပြီး​တော့ NGO အဖွဲ့အစည်း ​အသီးသီး​တွေ အ​နေနဲ့ မဲစာရင်းရဲ့ လိုအပ်​ချက်​​တွေကို ​ထောက်​ပြ​ပြောဆိုပါ၊ သူတို့​ထောက်​ပြတာ​တွေကို ကျ​နော်​တို့​ ကော်​မရှင်​အ​နေနဲ့ ပြင်​တာဖြည့်တာ​တွေ ပြုလုပ်​​ပေးသွားမှာပါ။ မဲစာရင်း​တွေကို စိတ်​ဝင်​စားမှု ရှိလာ​ဖို့ ဆိုရင်​​တော့ ပါတီကပုဂ္ဂိုလ်​​တွေ အဓိကကျပါတယ်​”လို့ ဒီဗွီဘီ ကို ​ပြောပါတယ်​။

ကြားဖြတ်​​ရွေး​ကောက်​ပွဲအတွက်​ မဲစာရင်း​တွေကို ​ရွေး​ကောက်​ပွဲ​ကော်​မရှင်​ရုံးမှ ပြီးခဲ့တဲ့ ဇူလိုင်​ ၉ ရက်​​နေ့မှ ဇူလိုင်​လ ၂၂ ရက်​​နေ့အထိ ၁၄ ရက်​ကြာ ပထမအကြိမ်​ မဲစာရင်း​ ကြေညာ ခဲ့ပြီး၊ ဒုတိယအကြိမ်​ မဲစရင်းကို ​အောက်​တိုဘာ ၁ ရက်​မှ ၁၄ ရက်​အထိ ​နောက်​ဆုံးအကြိမ်​ အဖြစ်​ သက်​ဆိုင်​ရာ ရပ်​ကွက်အုပ်ချုပ်ေ​ရးမှူးရုံးအသီးသီးက​နေ ​ကြေညာ​ပေးသွားမှာလည်း ဖြစ်​ပါတယ်​။

ရပ်​ကွက်​​နေသူတ​ဦးက"မဲ​ပေးရမယ့် အချိန်​ကလည်း လို​သေးတယ်​၊ ပြီး​တော့ လူ​တွေကလည်း သိပ်စိတ်​ဝင်​စားမှု မရှိသလိုဘဲ။ ​ရွေး​ကောက်​ပွဲနီးလာပြီဆိုရင်​​တော့ လူ​တွေရဲ့ စိတ်​က အ​ပြောင်းအလဲ ဖြစ်​လာ နိုင်​ပါတယ်​။ မဲဆွယ်​စည်းရုံး​နေကြတာ​တွေ​တော့​ တွေ့​နေရ​ပေမယ့် ခုထိ​တော့ ဘာမှ ထူခြားမှု မရှိ​သေးပါဘူး”လို့ ဆိုပါတယ်​။

မြင်းခြံမြို့နယ်​မှာ​တော့ လစ်​လပ်​သွားတဲ့ ပြည်​သူ့လွှတ်​​တော်​ တ​​နေရာအတွက်​ အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​၊ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်ဖွံ့ဖြိုး​ရေးပါတီ၊ လူ့​​ဘောင်​သစ်​ ဒီမိုကရက်​တစ်​ပါတီ၊ ပြည်​သူ့အလုပ်​သမားပါတီ တို့ဝင်​​ရောက်​ယှဉ်ပြိုင်​ အ​ရွေးခံသွားကြမှာ ဖြစ်​ကာ၊ စက်​တင်​ဘာ ၃ ရက်​​ကစလို့ မြို့​ပေါ်ရပ်​ကွက်​နဲ့ ကျေးရွာ​တွေကို သွား​ရောက်​ပြီး မဲဆွယ်​စည်းရုံး​နေကြပါတယ်​။

ပြည်​​ထောင်​စု​ရွေး​ကောက်​ပွဲ​ကော်​မရှင်​ဥပ​ဒေအရ ​ရွေးချယ်​ခံ လွှတ်​​တော်​ကိုယ်​စားလှယ် ​​လောင်းတွေအနေနဲ့ မဲဆွယ်​စည်းရုံးခွင့် ရက်​ ၆၀ သတ်​မှတ်​ထား​သော​ကြောင့် စက်​တင်​ဘာ ၃ ရက်​​နေ့ကစပြီး ​ရွေး​ကောက်​ပွဲမတိုင်​မီ တရက်​အလိုထိ မဲဆွယ်​စည်းရုံးခွင့်​ ရရှိမှာပါ။

လာမယ့် နိုဝင်​ဘာ ၃ ရက်​​​နေ့မှာ ကျင်းပမယ့်  ကြားဖြတ်​​ရွေး​ကောက်​ပွဲအတွက်​ မြင်းခြံမြို့နယ်​မှာ မဲရုံ​ပေါင်း ၂၆၈ ရုံထားရှိမှာဖြစ်​ပြီး ၊ မဲ​ပေးပိုင်​ခွင့်ရှိသူ ( ၂၂၁၃၅၉) ဦး ရှိတယ်​လို့ မြို့နယ်​​ရွေး​ကောက်​ပွဲ​ကော်​မရှင်​ရုံးက သိရပါတယ်​။

သတင်း - ရီရီထွန်း ( မြင်းခြံ )၊ ဓာတ်​ပုံ - ဦး​ဌေးဝင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013