DVB Logo
Home
မြန်မာသတင်း
၁ နှစ်အတွင်း လူကုန်ကူးမှု ၂၀၀ ကျော်ဖြစ်ပွား၊ တရုတ်မယားအဖြစ် အဓမ္မလက်ထပ်မှုများပြား
DVB
·
September 13, 2018
၁ နှစ်အတွင်း လူကုန်ကူးမှု ၂၀၀ ကျော်ဖြစ်ပွား၊ တရုတ်မယားအဖြစ် အဓမ္မလက်ထပ်မှုများပြား
Donate to DVB

၂၀၁၇ ခုနှစ် စက်တင်ဘာလကနေ ၂၀၁၈ ခုနှစ် သြဂုတ်လအထိ တနိုင်ငံလုံးမှာ လူကုန်ကူးမှု ၂၁၄ မှုဖြစ်ပွားခဲ့တယ်လို့ ကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က သိရပါတယ်။

ဖြစ်ပွားခဲ့တဲ့ လူကုန်ကူးမှုတွေထဲမှာ တရုတ်နိုင်ငံကို လူကုန်ကူးခံရတာက ၆၂ ရာခိုင်နှုန်းကျော်ရှိပြီး အတင်းအဓမ္မ လက်ထပ်ဖို့အတွက် ၁၅၉ မှုရှိခဲ့ပါတယ်။ အနည်းဆုံးကတော့ အဓမ္မ ကလေးမွေးစားဖို့နဲ့ ကိုယ်ဝန်ဆောင်စေခိုင်းမှုတို့ဖြစ်တယ်လို့ လူကုန်ကူးရဲတပ်ဖွဲ့က ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာတော့ လူကုန်ကူးမှု ၂ မှုသာ ဖြစ်ပွားခဲ့တယ်လို့  အမှတ် ၁၄ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(မုံရွာ)က တပ်ဖွဲ့စုမှူး ရဲမှူး မင်းနိုင်က ပြောပါတယ်။

“လူကုန်ကူးခံရတဲ့သူက အမျိုးသမီး ၃ယောက်ပေါ့။ တရားခံကတော့ ကျား ၁ယောက်၊ မ ၃ယောက် ပေါင်း ၄ ယောက်ပါ။ ၂ မှုစလုံးကတော့ တရုတ်နိုင်ငံကို ဦးတည်ပြီးဖြစ်ခဲ့တဲ့ လူကုန်ကူးမှုတွေဖြစ်ပါတယ်။ ဖြစ်တာက ဆားလင်းကြီး၊ စစ်ကိုင်းမှာပါ။ အဓိကကတော့ ရွှေ့ပြောင်းသွားလာ အလုပ်လုပ်တာကနေဖြစ်တာ။”

မြန်မာနိုင်ငံကနေ လူကုန်ကူးမှု အဖြစ်အများဆုံးက တရုတ်နိုင်ငံကိုဖြစ်ပြီး ဒုတိယအများဆုံးက ပြည်တွင်း၊  တတိယကတော့ ထိုင်းနဲ့ စတုတ္ထ အများဆုံးကတော့ မလေးရှားနိုင်ငံတွေပါ။

“တရုတ်နိုင်ငံကို သွားရောက်မယ်ဆိုရင် တရားဝင် လမ်းကြောင်းက သွားဖို့လိုတယ်။ နယ်စပ်ကနေသွားတာက တပတ်ပဲရတယ်။ ပြည်တွင်းထဲ ဝင်လို့ မရဘူး။ တွေ့ရင် သူတို့ လဝကက ဖမ်းတာပဲ။ ပြီးတော့ တရုတ်နဲ့က အခြားနိုင်ငံတွေလို အလုပ်သမားစေလွှတ်ဖို့ နားလည်မှုစာချွန်လွှာ MoU ထိုးထားတာလည်း မရှိဘူး။ သတိထား သွားလာဖို့လိုတာပေါ့။ ဒီနိုင်ငံက အဆင်ပြေပါ့မလား။ အလုပ်အကိုင်နဲ့ ကိုက်ညီပါ့မလားစတဲ့ လေ့လာပြီးတော့မှ သွားသင့်တယ်။”

လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အခမ်းအနားကို ဒီကနေ့ စက်တင်ဘာလ ၁၃ ရက်နေ့က မုံရွာမြို့မှာ ပြုလုပ်ခဲ့ရာမှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နဲ့  အစိုးရအဖွဲ့ဝင်တွေ၊ တိုင်းလွှတ်တော် ဥက္ကဋ္ဌနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတွေနဲ့ ကျောင်းသားကျောင်းသူတွေ တက်ရောက်ခဲ့ကြပြီး ကဗျာ၊ ကာတွန်း၊ ပန်းချီ၊ ပိုစတာပြိုင်ပွဲတွေမှာ ဆုရရှိခဲ့သူတွေကိုလည်း ဆုတွေ ချီးမြှင့်ခဲ့ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013