DVB Logo
Home
မြန်မာသတင်း
သဲကုန်းမြို့နယ်တွင် ရှေးဟောင်းဆင်းတုတော်များ ခိုးယူခံရ
DVB
·
September 13, 2018
သဲကုန်းမြို့နယ်တွင် ရှေးဟောင်းဆင်းတုတော်များ ခိုးယူခံရ
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ဖလန်တောင်ဝှေးကျေးရွာက ဖလန်တောက်ဝှေး မြောက်ကျောင်းထဲမှာ ကိုးကွယ်ထားတဲ့ ၆လက်မအရွယ်ရှိတဲ့ ရဟန္တာရုပ်ပွားတော် ၅ ဆူ စက်တင်ဘာ ၁၁ ရက်ညက ခိုးယူခံခဲ့ရပါတယ်။

ည၁၀နာရီလောက်မှာ ဘုန်းကြီးတပါးနဲ့ လူနှစ်ယောက်က ကျောင်းထဲကို ကားနဲ့ ဝင်ရောက်လာပြီး ခိုးယူသွားတာလို့ ကျောင်းထိုင်ဆရာတော် ဦးစန္ဒာသီရိက မိန့်ပါတယ်။

“ကားကို မီးမဖွင့်ပဲမောင်းလာပြီး ကျောင်းထဲက ပစ္စည်းတွေကိုတင်နေတာကို ရွာထဲက ဒကာမတယောက်ကတွေ့လိုက်လို့ ရွာထဲကလူငယ်တွေကိုဖုန်းနဲ့လှမ်းဆက်ခေါ်ပြီး ကားကို တားပြီးရှာကြတာ ပထမတော့ ဘာမှမတွေ့ပါဘူး။ နောက်လူများလာတဲ့အချိန်ကတော့ ကားမောင်းတဲ့သူက ပျောက်သွားလို့ မသင်္ကာပြီး  ရဲကိုလှမ်းခေါ်လိုက်တာ ရဲက ရှာတော့မှ ရုပ်ပွားတော် ၅ ဆူ ကို ကားပေါ်မှာတွေ့တာ၊ ကားပေါ်မှာကျန်နေခဲ့တဲ့ ဘုန်းကြီးကိုဖမ်းသွားတာ သူတို့က အဖွဲ့လိုက် ၄ယောက် ၅ ယောက်လောက်ပါတယ်လို့ပြောတာပဲ။ ဘာတွေ ပျောက်သွားလဲတော့မသိဘူး။ ကျောင်းထဲမှာတော့ လူတရပ်စာရှိတဲ့ မတ်တပ်ရပ်ကိုယ်တော်ကြီး နဲ့ ၆ လက်မ ရုပ်ပွားတော် ၂ ဆူ ကတော့ မသယ်နိုင်လို့အမြန်ထားပြီးပြန်သွားတဲ့ပုံပါပဲ။ အဲဒီမှာ ပါတဲ့ ဘုန်းကြီးကတော့ ၂၁ ဝါရှိပြီ”လို့ မိန့်ပါတယ်။

ဖမ်းမိတဲ့ ဘုန်းကြီးရဲ့ ဘွဲ့အမည်ဟာ  ဦးသောဘိတဖြစ်ပြီး မန္တလေးက ဝိဇ္ဇိတာရာမကျောင်းကလို့   လတ်တလော စစ်မေးချက်အရ သိရတယ်လို့ ဆိုပါတယ်။

ဘုန်းကြီးနဲ့ အတူ လူ ၂ယောက်ပါ ရဲကဖမ်းမိထားသလို ဆင်းတုတော်တွေ ခိုးယူရာမှာ အသုံးပြုတဲ့ ကားကိုလည်း လိုင်စင်ရှိမရှိ ကညနဌာန ဆီ ပို့ထားဆဲဖြစ်ပါတယ်။

ခိုးယူခံရတဲ့ ရုပ်တုတွဟာ သစ်သားကိုရွှေချထားတာဖြစ်ပြီး လွန်ခဲ့တဲ့နှစ် ၁၀၀ လောက်က ရှေးဟောင်းပစ္စည်းတွေဖြစ်တယ်လို့ ရွာကအသက်ကြီးသူတွေကပြောတဲ့အကြောင်း ဆရာတော်က မိန့်ပါတယ်။

ကျောင်းထိုင်ဆရာတော်ဦးစန္ဒာသီရိဟာ ကျောင်းမှာ တပါးထဲသတင်းသုံးလေ့ရှိပြီး  ညဘက်မှာတော့ ရွာက ဒကာတယောက်က လာအိပ်ပေးတယ်လို့ သိရပါတယ်။

လက်ရှိသူတို့ ၃ ယောက်ကို ပ/ ၈၉-၂၀၁၈ သာသနာညိုးနွမ်း ပုဒ်မ ၂၉၅ (က)၊ ခိုးမှုပုဒ်မ ၃၈၀နဲ့ အမှုဖွင့်ပြီးဖမ်းထားတယ်လို့ ပုတီးကုန်းရဲစခန်းမှူး ရဲအုပ်လှဝင်းက ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013