DVB Logo
Home
မြန်မာသတင်း
ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ အကောင်အထည်ဖော်မှုကိစ္စ ဆွေးနွေး
DVB
·
September 13, 2018
ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ အကောင်အထည်ဖော်မှုကိစ္စ ဆွေးနွေး
Donate to DVB

၁၈ ကြိမ်မြောက် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC - U) အစည်းအဝေးကို ရန်ကုန်မြို့၊ ရွှေလီလမ်းက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှာ ဒီကနေ့ ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပနေပါတယ်။

အစည်းအဝေးမှာ (၁၇) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ထားမှု အခြေအနေ၊ နော်ဝေနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်မှုဆိုင်ရာ လေ့လာရေးခရီးစဉ်၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ရန်ပုံငွေရရှိရေး ဆောင်ရွက်မှုတွေ ဆွေးနွေးကြပါတယ်။

ဒါ့အပြင် JMC-U ရဲ့ (၁၇) ကြိမ်မြောက်နှင့် (၁၈) ကြိမ်မြောက် အစည်းအဝေး ကြား ကာလအတွင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ အကောင်အထည်ဖော်မှု၊ ဒေသခံ အရပ်သားစောင့်ကြည့်သူ (LCM) တွေနဲ့ ပတ်သက်တဲ့ လုပ်ငန်းအကောင် အထည်ဖော်မှုအပါအဝင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးနေ ကြပါတယ်။

ဒီအစည်းအဝေးကို JMC-U ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုဥက္ကဋ္ဌ (၁) ဗိုလ်ချုပ်စောအိုင်းဇက်ဖိုး (KNU) နဲ့ ဒုဥက္ကဋ္ဌ (၂) စိုင်းမျိုးသန့်တို့ အပါအဝင် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အရပ်သား ကိုယ်စားလှယ်တွေ၊ အထောက် အကူပြု အဖွဲ့ဝင်တွေတက်ရောက်နေကြပါတယ်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) အစည်းအဝေးကို (၂) လ တစ်ကြိမ် ပုံမှန်ကျင်းပတာဖြစ်ပြီး ခုကျင်းပနေတဲ့  (၁၈) ကြိမ်မြောက် JMC-U အစည်းအဝေးကို စက်တင်ဘာ ၁၂ ရက်ကနေ ၁၄ ရက်အထိ သုံးရက်ကြာ ကျင်းပသွားမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013