
ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေးနဲ့ ခရီးသွားလာရေးဆိုင်ရာ စီးပွားရေးညှိနှိုင်းဖလှယ်ပွဲကို ထိုင်းနိုင်ငံဘက်က တာဝန်ရှိသူတွေနဲ့ မြန်မာနိုင်ငံ မြိတ်ခရိုင်အတွင်းက စီးပွားရေး လုပ်ငန်းရှင်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ထိုင်းနိုင်ငံ၊ ပရာကျွတ်ခီရီခရိုင်မှာ ဒီကနေ့ စက်တင်ဘာလ ၁၃ ရက်မနက်က နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အစိုးရတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။
မောတောင်နယ်စပ်ကနေ ထိုင်းနိုင်ငံ ပကျွတ်ခရိုင်အတွင်းလည်ပတ်ခွင့်ကို လက်ရှိအနေနဲ့ ၃ညအိပ် ခွင့်ပြုပေးထားတဲ့အပေါ် ၇ ရက်ကနေ ၁၀ ရက်အထိ တိုးမြှင့်ပေးဖို့ ဒီဆွေးနွေးပွဲမှာ မြန်မာဘက်က တောင်းဆိုခဲ့ပါတယ်။
အဲဒီတောင်းဆိုချက်အပေါ် အကောင်ထည်ဖော်ဆောင်ပေးမယ်လို့လည်း ထိုင်းနိုင်ငံ ဘက်ကတာဝန်ရှိသူတွေက ပြောပါတယ်။
ထိုင်းလုပ်ငန်းရှင်တွေအနေနဲ့လည်း တနင်္သာရီခရိုင်အတွင်း လုပ်ငန်းလာရောက်လုပ်ကိုင် ပါက မြေပိုင်ဆိုင်ခွင့် ငှားရမ်းခြင်းဆိုင်ရာကိစ္စရပ်တွေ၊ ကုမ္ပဏီထူထောင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ မြန်မာနိုင်ငံက သတ်မှတ်ထားတဲ့ ဥပဒေပြဋ္ဌာန်းချက်တွေကို လည်းမေးမြန်းခဲ့ကြပါတယ်။
ထိုင်း-မြန်မာ နယ်စပ် မောတောင်နဲ့ တနင်္သာရီလမ်းကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းကို ပြုပြင်နေတာဟာ ဒီဇင်ဘာလအတွင်းမှာ ပြီးစီးမှာဖြစ်ပါတယ်။
နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှုအရေးပါတဲ့အဲဒီလမ်း ပြီးစီးသွားပါက မြိတ်ခရိုင်အတွင်း ကုန်စည်စီးဆင်းမှု မြန်ဆန်သွားမှာဖြစ်တာကြောင့် အမြန်ပြီးစီးဖို့ မျှော်လင့်တယ်လို့ ထိုင်းတာဝန်ရှိသူတွေကပြောပါတယ်။
အခုတွေ့ဆုံဆွေးနွေးပွဲကို တနင်္သာရီတိုင်းဒေသကြီး စီးပွားရေးနဲ့စီမံဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းနဲ့ ထိုင်းနိုင်ငံဘက်က ပရကျွပ်ခီရီခန်ခရိုင် ဒေါက်တာ ပန်လော့ပ်တို့ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။
သတင်း - အောင်ကျော်











