DVB Logo
Home
မြန်မာသတင်း
ဟာရီကိန်းမုန်တိုင်း ၀င်ရောက်တိုက်ခတ်မည့် နယူးဘန်းမြို့ရှိ  မြန်မာနွယ်ဖွား ၂၀၀၀ ကျော်ဘေးလွတ်ရာရွှေ့ပြောင်း
DVB
·
September 13, 2018
ဟာရီကိန်းမုန်တိုင်း ၀င်ရောက်တိုက်ခတ်မည့် နယူးဘန်းမြို့ရှိ  မြန်မာနွယ်ဖွား ၂၀၀၀ ကျော်ဘေးလွတ်ရာရွှေ့ပြောင်း
Donate to DVB

အမေရိကန်ပြည်ထောင်စု ကယ်ရိုလိုင်းနားပြည်နယ်ကို ၀င်ရောက်နိုင်ချေရှိတဲ့ အင်အားပြင်း ဟာရီကိန်းမုန်တိုင်း ဖလောရင့်စ်ဟာ  အရှေ့ဘက်ကမ်းရိုးတန်းကို ဆိုးဆိုးရွားရွားပျက်စီးစေနိုင်လို့ သန်းနဲ့ချီတဲ့ ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ အမေရိကန်သမ္မတက တိုက်တွန်းထားပါတယ်။

အဓိက ပြောင်းရွှေ့ရမယ့် ကမ်းရိုးတန်းမြို့တခုဖြစ်တဲ့ နယူးဘန်းမြို့မှာ အမေရိကန်ရောက် မြန်မာနွယ်ဖွား  တိုင်းရင်းသား ၂၀၀၀ ကျော် ခိုလှုံနေထိုင်ကြတာပါ။

သူတို့တွေအနေနဲ့လည်း မုန်တိုင်းဘေးက ရှောင်ရှားဖို့ ပြောင်းရွှေ့နေကြပြီး တချို့ကလည်း ဆွေမျိုးတွေဆီ သွားရောက်ခိုလှုံတာ ရှိသလို အစိုးရက ဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေးစခန်းတွေ သွားရောက် ခိုလှုံတာတွေလည်း ရှိနေပါတယ်။

နယူးဘန်းမြို့မှာနေထိုင်နေတဲ့ အမေရိကန်ကရင်အစည်းအရုံးရဲ့ တွဲဘက် အတွင်းရေးမှူး စောကရဲမူးက “အစိုးရကတော့ မြောက်ကယ်ရိုလိုင်းနားပြည်နယ်ကို အရေးအပေါ်ကြေညာ ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟာရီကိန်းမုန်တိုင်းဟာ ပြည်နယ် ၃ ခုကို ထိခိုက်နိုင်တယ်။ တောင်ကယ်ရိုလိုင်းနား၊ မြောက်ကယ်ရိုလိုင်းနားနဲ့ ဗာဂျီးနီးယာ ပြည်နယ်တွေ၊ အဲဒီထဲက မြောက်ကယ်ရိုလိုင်းနားက အဆိုးဝါးဆုံးဖြစ်မယ်။ ပြည်နယ်အစိုးရကတော့ အရေးပေါ်ကြေညာပြီး ပင်လယ်ကမ်းစပ်နဲ့နီးတဲ့ မြို့တွေ အကုန်ပြောင်းရွှေ့ခိုင်းတယ်။ အဓိကတော့ မြောက်ကယ်ရိုလိုင်းနားပြည်နယ်က အထိခိုက်ဆုံးဖြစ်မယ်။ ဒါပေမယ့် ပြည်နယ်တခုလုံးပြောင်းရွှေ့ရမှာမဟုတ်ဘူး။ ကမ်းစပ်နဲ့နီးတဲ့ မြို့တွေပဲ ပြောင်းရွှေ့ခိုင်းတာ”လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် ပြည်နယ်အစိုးရအနေနဲ့  နယူးဘန်းမြို့ခံတွေကို ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့အထိ အပြီးရွှေ့ပြောင်းခိုင်းထားပြီး  ဒီနောက်ပိုင်းပြောင်းရွှေ့ရင် အချိန်မှီတော့မှာ မဟုတ်ကြောင်းလည်း သတိပေးထားပါတယ်။

အဆိုပါ မြို့မှာ ကရင်တိုင်းရင်းသား ၁၀၀၀ ကျော်အပါအ၀င် မြန်မာနိုင်ငံကနေပြီး သွားရောက်ခိုလှုံနေကြတဲ့ တိုင်းရင်းသားလူမျိုး ၂၀၀၀ ကျော်လောက်ရှိနေတဲ့အတွက် ဒီလူတွေ အပြီး ရွှေ့ပြောင်းနိုင်ရေးကို ကူညီနေတယ်လို့လည်း စောကရဲမူးက ပြောပါတယ်။

“နယူးဘန်းမှာ ကရင်လူမျိုးတွေ ၁၀၀၀ ကျော်ရှိတယ်။ တခြားတိုင်းရင်းသားလူမျိုးတွေဖြစ်တဲ့ ချင်း၊ မွန်၊ ရှမ်းအစရှိတဲ့တိုင်းရင်း ပေါင်းရင် အားလုံး ၂၀၀၀ ကျော်ရှိမယ်။ အခုတော့ သူတို့လည်း ရွှေ့ပြောင်းကုန်ကြပြီ။ ကျနော့်မိသားစုတွေကလည်း ပြောင်းကုန်ပြီ။ ကျနော်ကတော့ စောင့်နေသေးတယ်။ ဘာလို့လဲဆိုတော့ ကွန်မြူနတီ နဲ့ အလုပ်လုပ်တဲ့အခါကျတော့ အားလုံးရွှေ့ပြောင်းပြီးတာ သေချာမှ ကျနော် ပြောင်းမှာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့မိသားစုတွေမှာ ကားမရှိလို့ ရွှေ့ပြောင်းရတာတွေ အခက်အခက်ရှိတဲ့ အတွက် ကူညီနိုင်အောင်ဖြစ်ပါတယ်။”

ဒီလို အစိုးက အရေးပေါ်အခြေအနေကြေညာပြီး  ရွှေ့ပြောင်းခိုင်းပေမယ့် တချို့တိုင်းရင်းသား အနည်းငယ်တွေတော့ မပြောင်းချင်ကြဘူးလို့လည်းပြောပါတယ်။

ဖလောရင့်စ်မုန်းတိုင်းဟာ အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ကမ်းကို တစ်နာရီ လေတိုက်နှုန်း မိုင် ၁၃၀ နဲ့ သောကြာနေ့မှာ ၀င်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013