DVB Logo
Home
မြန်မာသတင်း
မြန်မာဘက်က တရားမဝင်သယ်လာသည့် တန်ဖိုးကြီး  Porsche ကား မဲဆောက်တွင်ဖမ်းမိ
DVB
·
September 12, 2018
မြန်မာဘက်က တရားမဝင်သယ်လာသည့် တန်ဖိုးကြီး  Porsche ကား မဲဆောက်တွင်ဖမ်းမိ
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်း၊ တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ထဲမှာ မြန်မာဘက်ခြမ်းကနေ တရားမ၀င်သယ်ဆောင်လာတဲ့ တန်ဖိုးကြီး Porsche အမျိုးအစားကားတစီး ဖမ်းဆီးရမိတယ်လို့  workpoint news သတင်းမှာ ဖော်ပြပါတယ်။

နယ်မြေထဲမှာ တရားမ၀င်ကားတွေ သယ်ဆောင်လာကြောင်း ကြိုတင်သတင်းအရ  အမှတ် ၄ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ အကောက်ခွန်ဌာနနဲ့ လ၀ကရဲ၊ နယ်မြေခံ ရဲတွေပါတဲ့ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဟာ ဒီကနေ့မနက် သန်းခေါင်ကျော်က မဲဆောက်မြို့နယ် အမှတ် ၁၂ အာရှလမ်းမကြီး ဟွေ့ဟင်ဖွန်ဂိတ်မှာ စောင့်ကြပ်စစ်ဆေးစဉ် မသင်္ကာဖွယ် ဟီးနိုး ၆ ဘီးကားပေါ်က ပလပ်စတိတ်အနက်ရောင်နဲ့ ဖုံးလွှမ်းထားတဲ့ ဇိမ်ခံ ကားကို ဖမ်းမိခဲ့တာပါ။

အဆိုပါ ဆလွန်းကားမှာ Porsche  အမျိုးအစားကားဖြစ်ပြီး မြန်မာနိုင်ငံကို တင်သွင်းခဲ့ပြီးနောက် ထိုင်းဘက်ခြမ်းကို အခွန်ရှောင်ပြီး ပြန်တင်လာတာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အသက် ၄၃ နှစ်ရွယ်ရှိ ယာဉ်မောင်းသမား နိုင်းဆဒ်တိဒါကတော့ သူဟာ အဆိုပါကားကို မဲဆောက်မြို့ရှိ ကားဝပ်ရှော့ပ်တခုကနေ တင်ဆောင်လာကာ တာ့ခ်မြို့ကို ပို့ဆောင်ပေးဖို့ ဖြစ်ကြောင်း၊ အဲဒီကနေ ကားကိုလာမောင်းယူသွားမယ့်သူရှိတယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေကတော့ အဆိုပါကားဟာ နံပါတ်အတုတပ်ထားပြီး အခွန်ဆောင်ထားတာမရှိတဲ့အတွက် အကောက်ခွန်ဆိုင်ရာဥပဒေနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။

မြန်မာဘက်ခြမ်းကနေ ထိုင်းဘက်ကို တရားမ၀င်တင်ဆောင်လာတဲ့ မော်တော်ကားတွေ မကြာခဏ ဖမ်းဆီးရမိပြီး လောလောဆယ် အကောက်ခွန်ဌာနမှာ ထိန်းသိမ်းထားတဲ့ မော်တော်ကားအစီးရေ တစ်ထောင်ကျော်ကြောင်း၊  အများအားဖြင့် တာ့ခ်ခရိုင် မယ့်လမတ်မြို့ နယ်ဘက်ကနေ တင်ဆောင်လာတာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013