DVB Logo
Home
မြန်မာသတင်း
ကိုင်းတန်းဈေး ဆန္ဒပြပွဲကြောင့် လူ ၃ ဦး တရားစွဲခံရ
DVB
·
August 9, 2012
Donate to DVB

မန္တလေးမြို့ ကိုင်းတန်းဈေးက ကုန်စိမ်းဈေးသည်တွေရဲ့ ဆန္ဒပြမှုနဲ့ ဆက်စပ်ပြီး လူ ၃ ဦးကို ရဲက ငြိမ်ဝပ်ပိပြားမှုကို ထိပါးစေတယ်ဆိုပြီး တရားစွဲဆို လိုက်ပါတယ်။

မန္တလေးမြို့ အမှတ် ၃ ရဲစခန်းက ကိုအေးသိန်းကို ဆန္ဒပြပွဲ ဦးဆောင်ပါဝင်တယ်လို့ ယူဆချက်နဲ့ ပုဒ်မ ၅၀၅ (ခ)နဲ့ ချမ်းအေးသာဇံမြို့နယ် တရားရုံးမှာ တရားစွဲဆိုလိုက်တယ်လို့ မိသားစုဝင် မမိုးက ပြောပါတယ်။

ကိုအေးသိန်းကို ဩဂုတ်လ ၇ ရက်နေ့ မနက်ပိုင်းမှာ အဖမ်းခံခဲ့ပြီး ညနေမှာတော့ မန္တလေး အိုးဘိုထောင်ကို ပို့လိုက်ပြီလို့ မိသားစုဝင်တွေက ပြောပါတယ်။

ကိုအေးသိန်းနဲ့အတူ ဈေးသည်တွေဖြစ်တဲ့ ဦးသိန်းအောင်နဲ့ ဦးဝင်းဆွေမြင့်တို့လည်း အလားတူပုဒ်မနဲ့ တရားစွဲဆိုခဲ့ပါတယ်။

မန္တလေးမြို့နယ် စည်ပင်သာယာ အဖွဲ့ကနေ ကိုင်းတန်းဈေးကို ပြောင်းရွှေ့ခိုင်းတာကို ဈေးသည်အများစုက မပြောင်းရွှေ့ချင်ကြလို့ ဩဂုတ်လ ၇ ရက်နေ့ မနက်အစောပိုင်းမှာ ဈေးသည် ၁၀၀ လောက် မြို့နယ်စည်ပင်သာယာရုံးရှေ့ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

ကိုအေးသိန်းတို့အမှုကို ရှေ့နေလိုက်မယ့် မန္တလေးအခြေစိုက် ဥပဒေ အကျိုးတော်ဆောင် ဦးမြင့်သွင်က ကိုအေးသိန်းတို့ကို ၅၀၅ (ခ) ပုဒ်မနဲ့ စွဲဆိုထားတဲ့အပေါ်ကို အခုလို သုံးသပ်ပါတယ်။

“နိုင်ငံရေးအရ ပြောရင်တော့ မကျူးလွန်ဘူးပြောမှာပါ။ ဥပေဒစကားနဲ့ ပြောမယ်ဆိုရင်တော့ ဆန္ဒပြတဲ့ ဥပဒေက ပေါ်ပေါက်ပြီးဖြစ်တဲ့ ပြည်သူ့လွှတ်တော်ဥပဒေအမှတ်တွေနဲ့ ပြပုံပြခွင့်တွေ၊ ဆန္ဒပြမယ့်သူတွေ၊ ဟောပြောမယ့်သူတွေ၊ လူဦးရေနဲ့ စီတန်းလှည့်လည်တာတို့၊ ဆန္ဒပြမယ့်နေရာတို့ ဥပဒေထွက်ရှိပြီး ဖြစ်တဲ့အတွက် လျှောက်လွှာမတင်ရင်၊ ခွင့်ပြုချက်မရဘဲ ကျူးလွန်ရင်တော့ သက်ဆိုင်ရာ ဥပဒေကို ကျူးလွန်တယ်လို့ သုံးသပ်လို့ ရတယ်။ ဒါပေမယ့် သူဟာ ၅၀၅ (ခ) ကို ကျူးလွန်လားဆိုတဲ့၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်စေပါတယ်ဆိုတဲ့  အချက်ကို၊ စွပ်စွဲတဲ့အပေါ်မူတည်ပြီး ငြိမ်ဝပ်ပိပြားမှု မဟုတ်ဘူး။ ဥပဒေနဲ့အညီ ဆန္ဒပြတာဖြစ်တယ်ဆိုတဲ့ အချက်နဲ့ တရားရုံးရောက်မှ စွပ်စွဲတဲ့ စွပ်စွဲချက်အပေါ်မူတည်ပြီး ပြန်ဖြေရှင်းရမှာ ဖြစ်ပါတယ်။”
ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်အောင် ပြုလုပ်တဲ့ စာရွက်ဖြန့်ဝေတာ၊ ဆန္ဒပြထုတ်ဖော်တာတို့ကို ဥပဒေပုဒ်မ ၅၀၅ (ခ) နဲ့ အရေးယူတယ်လို့ ဦးမြင့်သွင်က ပြောပါတယ်။ ပြစ်မှုမြောက်တယ်လို့ တရားရုံးက ဆုံးဖြတ်ရင် ထောင်ဒဏ် ၂ နှစ် အရေးယူခံရနိုင်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013