DVB Logo
Home
မြန်မာသတင်း
ဆည်များ ရေကျော်နေသဖြင့် ပြည်သူများသတိထားနေထိုင်ရန် လယ်/ဆည်ဝန်ကြီး တိုက်တွန်း
DVB
·
September 12, 2018
ဆည်များ ရေကျော်နေသဖြင့် ပြည်သူများသတိထားနေထိုင်ရန် လယ်/ဆည်ဝန်ကြီး တိုက်တွန်း
Donate to DVB

တနိုင်ငံလုံးမှာရှိတဲ့ ဆည်တွေမှာ ရေကျော်မှုတွေ ဖြစ်ပေါ်နေပြီး ပြည်သူတွေအနေနဲ့ သတိရှိစွာ နေထိုင်ကြဖို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောက်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက တိုက်တွန်းပြောပါတယ်။

“ပြည်သူပြည်သားတွေဘက်က ဘာလိုသလဲဆိုတော့ သတိရှိဖို့ လိုပါတယ်။ သတင်းစာ ထဲမှာလည်း ထုတ်ပြန်ပေးနေပါတယ်။ ရေကျော်တဲ့ ပတ်ဝန်းကျင်ဒေသသူတွေကို ရေကျဆင်းတဲ့ တလျှောက်မှာရှိတဲ့ ပြည်သူတွေကတော့ သတိနဲ့ နေဖို့သင့်တယ်။ ရေကျော်တာကလည်း သိပ်တော့ မကြာပါဘူး။ ဒီနှစ်တော့ ကြာတယ်”လို့ ဒေါက်တာအောင်သူက ပြောပါတယ်။

တနိုင်ငံလုံးမှာရှိတဲ့ ဆည်တွေ ထိန်းသိမ်းစရိတ်ဟာဆိုရင် နှစ်စဉ် ကျပ် ၅၀ ဘီလီယံကျော် လောက်ကို သုံးစွဲနေရတာဖြစ်ပါတယ်။

လက်ရှိ ကာလမှာ ရေပိုလွှဲကနေ ရေကျော်နေတဲ့ ဆည် ၅၀ ကျော်ရှိပြီး ပဲခူးတိုင်း ဒေသကြီးအတွင်းက ဆည် ၄၀ လောက်ထဲမှာ ဆည် ၂၀ ကတော့ ရေပိုလွှဲအထက်ကို ကျော်လွန် နေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ လကုန်ပိုင်းလောက်က ဆွာချောင်းဆည် ရေပိုလွှဲနံရံ ပျက်စီးမှုကိုတော့ မိုးရာသီ ကုန်ပြီးမှ ပြင်ဆင်မှုမှာဖြစ်ပြီး လက်ရှိမှာတော့ နွေစပါး စိုက်ပျိုးချိန် အထောက်အကူပြု နိုင်ဖို့ ပြင်ဆင်တဲ့လုပ်ငန်း တချို့ကို လုပ်ဆောင်နေပြီဖြစ်တယ်လို့လဲ ဒေါက်တာ အောင်သူက ပြောပါတယ်။

ရေတာရှည်မြို့နယ်မှာ ဆွာချောင်းဆည် ရေပိုလွှဲနံရံပျက်စီးရာကနေ လယ်ဧက ၆၀၀ ကျော်ရေလွှမ်းခံခဲရပြီး အဲ့ဒီ လယ်တွေ အတွက်လည်း မူလပိုင်ဆိုင်မှုအတိုင်း ပြန်လည်ရရှိနိုင်အောင် ရက်ပိုင်းအတွင်း အပြီး ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်က ကျင်းပတဲ့ ပဋိဇိဝ ယဉ်ပါးမှု တိုက်ဖျက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးအပြီးမှာ  ဒေါက်တာအောင်သူက ပြောဆိုခဲ့တာပါ။

လွှတ်တော်ကိုယ်စားလှယ် တဦးကလည်း တနိုင်ငံလုံးမှာရှိတဲ့ ဆည်မြောင်းတာတမံ ၃၀၀ ကို နှစ်စဉ် အနည်းဆုံး ကျပ် ဘီလီယံ ၇၀ တောင်းခံအသုံးပြုနေမှုအတွက် မှန်ကန်စွာသုံးစွဲမှု ရှိမရှိကို စစ်ဆေးနိုင်ဖို့ လွှတ်တော်မှာ မေးမြန်းခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013