DVB Logo
Home
မြန်မာသတင်း
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဟင်္သာတမြို့ ရေကြီး
DVB
·
August 9, 2012
Donate to DVB

ဧရာဝတီတိုင်း ဟင်္သာတမြို့မှာ ဧရာဝတီမြစ်ရေတက်မှုနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေရပ်ကွက် တချို့မှာ ရေကြီးမှု ဖြစ်ပွားနေပါတယ်။

ဟင်္သာတမြို့ ဥယျာဉ်မြောက်ရပ်ကွက် မန်းဘခိုင်လမ်းမှာရှိတဲ့ ပဒေသာဈေးကြီး၊ ဌေးဝင်းဈေးတွေမှာ မိုးများပြီး ရေမဆင်းတဲ့အတွက် ဈေးတွင်းရေ၀င်ပြီး အရောင်းအ၀ယ်မကောင်း ဖြစ်နေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“ကျနော်တို့ ဟင်္သာတမြို့တခုလုံး အားထားရတဲ့ ဌေးဝင်းဈေးနဲ့ မြေသာဈေးကတော့ မြုပ်သွားပြီ။ အဲဒါ ရေစီးရေလာကောင်းအောင်ဆိုပြီး မနက်က မြောင်းတွေ ချဲ့တာ ရေထွက်တဲ့ ရိုးချောင်းကို အချိန်မီ မလုပ်နိုင်ဘူး။ ဈေးမြုပ်သွားတော့ မနက် ၁၀ နာရီ လောက်အထိကတော့ ရေထပ်ပြီး တက်မလာဘူး။ နဂိုတင်တဲ့ရေလည်း ကျမသွားဘူး။ အခုထက်ထိတော့ ဈေးထဲမှာ အရောင်းအ၀ယ်က ဈေးမပိတ်ပေမယ့် လူမလာနိုင်တော့ဘူးပေါ့ဗျာ။ ရေတက်လာတာ လူသွားလမ်း ပလက်ဖောင်းမြုပ်အောင် တက်သွားတာ။ အလယ်ကောင်က ကားလမ်းက ရေကန်ကြီးလို ဖြစ်သွားတော့ ဆိုင်ကယ်မောင်းလို့ မရတော့ဘူး။”

အမှတ် ၁ အခြေခံပညာ အလယ်တန်းကျောင်းလည်း ရေကြီးနေတာကြောင့် ကျောင်းသူ ကျောင်းသားတွေ သွားရေးလာရေး အခက်အခဲတွေ့နေကြပါတယ်။ အစိုးရရဲ့ မိုးလေ၀သနဲ့ ဇလဗေဒဌာနကလည်း နောက် ၂ ရက်ထိ စိုးရိမ်ရေမှတ်အထက်မှာ ရှိနေဦးမယ်လို့ ကြေညာထားပါတယ်။
ဧရာဝတီမြစ်ရေကြီးမှုကြောင့် မြစ်လက်တက်ဖြစ်တဲ့ င၀န်မြစ်မှာလည်း ရေမြင့်တက်နေပါတယ်။ င၀န်မြစ်ကမ်းပါး မြို့တွေဖြစ်တဲ့ ပုသိမ် ငါးသိုင်းချောင်း မြို့တွေမှာလည်း အနိမ့်ပိုင်းဒေသတွေ ရေနစ်မြုပ်နေပြီး  မြစ်ရေကြီးမှု သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013