Home
မြန်မာသတင်း
မန္တလေးတွင် ဂျင်ဝိုင်းလောင်းကစားသမား ၁၃ ဦးဖမ်းဆီးရမိ
Aung Aung Naing
·
September 12, 2018
41540253_169280080629158_4441289264042344448_n
မန္တလေးမြို့  ချမ်းမြသာစည်မြို့နယ်မှာ  ဂျင်ဝိုင်းကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးပြီး လောင်းကစားသမား ၁၃ ဦးနဲ့  ဆိုင်ကယ် ၄၅ စီးကို သိမ်းဆည်းလိုက်ပါတယ်။ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁) ရပ်ကွက် ၅၉ လမ်းနဲ့ လမ်း ၆၀ ကြားသိပ္ပံလမ်းနဲ့ အောင်ဆန်းလမ်းကြားက သပြေခြံအတွင်းက ဂျင်ဝိုင်းကို စက်တင်ဘာ ၁၀ ရက်ညပိုင်းက ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ အမှတ်​(၁၁) နယ်​​မြေ ရဲစခန်းမှူး ​ရဲအုပ်​​ဇော်​နိုင်​က ​ပြောပါတယ်​။ သပြေခြံအတွင်း ယာယီတဲပြုလုပ် ဂျင်လောင်းကစားနေကြတာဖြစ်ပြီး လာရောက် လောင်းကစားသူ ဒေါ်ခင်အုန်းမြင့် (၆၀)နှစ်နဲ့ လောင်းကစားသမားတွေ ထွက်ပြေးတဲ့အတွက် လိုက်လံဖမ်းဆီးရာ ဒေါ်ခင်အုန်းမြင့်ကို ဖမ်းဆီးရမိခဲ့ပါတယ်။ ဒေါ်ခင်အုန်းမြင့်နဲ့အတူ ဂဏန်းပေါင်းစက်၊ ကီးပက်ဖုန်းတစ်လုံး အခြားဖုန်း ၂ လုံးနဲ့အတူ ဂျင်လောင်းကစားပြုလုပ်ရာမှာအသုံးပြုတဲ့ ဆက်စပ်ပစ္စည်း ၁၁ မျိုး သိမ်းဆည်းရမိခဲ့ပြီး ဂျင် လောင်းကစားပြုလုပ်​နေသူ ၁၂ ဦးကိုလည်း ထပ်မံဖမ်းဆီးရမိခဲ့သလို ထွက်ပြေးသွားသူတွေရဲ့ ဆိုင်ကယ် အမျိုးအစားစုံ စုစုပေါင်း ၄၅ စီးကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်​။ ဒီဖြစ်​စဉ်နဲ့ပတ်သက်​လို့ သပြေခြံပိုင်ရှင် လောင်းကစားဒိုင် ဇော်လွင် (ထွက်ပြေး) နဲ့ ဒေါ်ခင်အုန်းမြင့်ပါ (၁၃) ဦးတို့ကို ချမ်းမြသာစည်မြို့နယ် အမှတ် (၁၁) ရဲစခန်းက (ပ)၃၇၃/၂၀၁၈ လောင်းကစားဥပဒေ ၁၃(က)/၁၄(က)နဲ့ အမှုဖွင့်ဖမ်းဆီးထားပြီး တရားရုံးစွဲတင်နိုင်ရေး ဆောင်ရွက်​နေပါတယ်​။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024