DVB Logo
Home
မြန်မာသတင်း
အပစ်ရပ်ပူးတွဲစောင့်ကြည့်ကော်မတီ အစည်းအဝေး ရန်ကုန်တွင်ကျင်းပ
DVB
·
September 12, 2018
အပစ်ရပ်ပူးတွဲစောင့်ကြည့်ကော်မတီ အစည်းအဝေး ရန်ကုန်တွင်ကျင်းပ
1 / 2
Donate to DVB

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ရဲ့(၁၈) ကြိမ်မြောက် အစည်းအဝေးကို ရန်ကုန်မြို့၊ ရွှေလီလမ်းမှာရှိတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) အစည်းအဝေးခန်းမမှာ ကျင်းပနေပါတယ်။

အစည်းအဝေးမှာ JMC-U ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုဥက္ကဋ္ဌ (၁) ဗိုလ်ချုပ်စောအိုင်းဇက်ဖိုး (KNU)နဲ့ ဒုဥက္ကဋ္ဌ (၂) စိုင်းမျိုးသန့်တို့အပါအဝင် JMC အတွင်းရေးမှူးအဖွဲ့ဝင်တွေ တက်ရောက်ကြပါတယ်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) အစည်းအဝေးကို (၂) လ တကြိမ် ပုံမှန်ကျင်းပတာဖြစ်ပြီး (၁၈) ကြိမ်မြောက် JMC-U အစည်းအဝေးကို စက်တင်ဘာ ၁၂ ရက်ကနေ ၁၄ ရက်အထိ ၃ ရက်ကြာ ကျင်းပသွားမှာဖြစ်ပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ အစည်းအဝေး တွေဟာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စည်းမျည်းစည်းကမ်းတွေနဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေ ချိုးဖောက်မှု၊ အငြင်းပွားမှု ပြဿနာတွေကို ဖြေရှင်းရာမှာ အဓိကကျတဲ့  လုပ်ငန်းစဉ်ဖြစ်ပြီး ပဋိပက္ခနဲ့ အငြင်းပွားမှုတွေကို လက်နက်ကိုင် နည်းလမ်းနဲ့ မဖြေရှင်းဘဲ စားပွဲဝိုင်းမှာဆွေးနွေးညှိနှိုင်း အဖြေရှာတဲ့ လုပ်ငန်းစဉ်လည်း ဖြစ်ပါတယ်။

JMC အဖွဲ့တွေကို ပြည်ထောင်စုအဆင့်မှာ (JMC-U)၊ တိုင်းနဲ့ပြည်နယ်အဆင့်မှာ (JMC-S)နဲ့ ဒေသဆိုင်ရာအဆင့် (JMC-L) ဆိုပြီး ဖွဲ့စည်းထားပါတယ်။

တိုင်းဒေသကြီး/ ပြည်နယ်အဆင့် (JMC-S) တွေကို ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတွေမှာ ဖွဲ့စည်းထားရှိပါတယ်။ ဒေသဆိုင်ရာအဆင့် (JMC-L) တွေကိုတော့ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးမြို့နဲ့ ကရင်ပြည်နယ်၊ ဖာပွန်မြို့တို့မှာ ဖွဲ့စည်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013