DVB Logo
Home
မြန်မာသတင်း
The Best of Melody World ဆုရှင် ဝတ်ရည်ထက်ရဲ့ နှလုံးသားထက်က ချစ်အက္ခရာ ဇာတ်ဝင်တေး (ရုပ်သံ)
DVB
·
September 12, 2018
The Best of Melody World ဆုရှင် ဝတ်ရည်ထက်ရဲ့ နှလုံးသားထက်က ချစ်အက္ခရာ ဇာတ်ဝင်တေး (ရုပ်သံ)
Donate to DVB

   “ဒီမျက်ဝန်းလေးတွေရယ်… ကိုယ်အကြိမ်ကြိမ်ဆုံဖူးခဲ့… အိပ်မက်ထဲတောင် စွဲလန်းမိနေပါတယ်… မင်းစကားသံစဉ်ချိုလေးလည်း… အတိတ်မှာ ကိုယ်ကြားဖူးတယ်… ကိုယ်သိနေတယ်… သံသရာတိုင် ချစ်သူရယ်”

    ဒါကတော့ နှလုံးသားထက်က ချစ်အက္ခရာအမည်ရတဲ့ ဇာတ်ဝင်တေးသီချင်းထဲ က စာသားတွေဖြစ်ပြီး မကြာခင်မှာ ရုံတင်ပြသတော့မယ့် မှော်ကျောက်စာရုပ်ရှင်ကားရဲ့ ဇာတ်ဝင်တေးတပုဒ် ဖြစ်ပါတယ်။

    ဒီသီချင်းကိုတော့ တေးရေးဆရာ မြင့်မိုးအောင်က ရေးစပ်ပေးထားပြီး တေးသံရှင် ၀တ်ရည်ထက်က သီဆိုပေးထားခဲ့တာ ဖြစ်ပါတယ်။

    “ကမ္ဘာမြေအဆုံးထိ အမြဲလိုက်ရှာဦးမယ်… မင်းရှိတတ်မယ့် နေရာလေးတိုင်းကို… နှလုံးသားထဲက အလိုလိုသိတယ်… တို့အချစ် အမှတ်တရပုံရိပ်လေးတွေ… ပျောက်ပျက် လို့ မသွားနိုင်ဘူး… မင်းကို တစက္ကန့်လေးမှ မခွဲနိုင်အောင် ချစ်တယ်”

Myanmar Media 7 က စီစဉ်တဲ့ ဒီရုပ်ရှင်ကားဟာ ရာဇ၀င်သမိုင်းနဲ့ ရှေးခေတ် ကားတကားအဖြစ် ပုံဖော်ဖန်တီးထားတာဖြစ်ကာ ဒါရိုက်တာ ၀င်းထွန်းထွန်းရဲ့ အနုပညာ ဖန်တီးမှုတွေနဲ့ မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။

မှော်ကျောက်စာရုပ်ရှင်ကားထဲမှာတော့ အဓိကသရုပ်ဆောင်မင်းသား မင်းသမီး တွေ ဖြစ်ကြတဲ့ မြင့်မြတ်၊ ထွန်းထွန်း၊ သူထူးစံ၊ ဖြိုးငွေစိုး၊ ရွှေမှုံရတီ၊ မေမြင့်မိုရ်၊ မေသန်း နုတို့က ခေါင်းဆောင်ပါဝင်ထားကြတာပါ။

ဒီရုပ်ရှင်ဇာတ်ဝင်တေးကို သီဆိုထားတဲ့ တေးသံရှင် ၀တ်ရည်ထက်ဟာ ၂၀၁၁ ခုနှစ် The Best Of Melody World ဆုရှင်ဖြစ်ပြီး အတွဲသီချင်းအယ်လ်ဘမ်တွေရော တကိုယ်တော်သီချင်းအယ်လ်ဘမ်ပါ ထွက်ရှိခဲ့ပြီး ဖြစ်ပါတယ်။

    ကျောက်သားများထက် ခိုင်မာနေတဲ့ နှလုံးသား… အချစ်ရဲ့ အက္ခရာတွေ… အတူ ရေးသားခဲ့ကြ… အမှတ်တရပေါ့… မေ့နိုင်ဦးမလား”

    နူးညံ့လှပတဲ့ အချစ်အလွမ်းအဆွေးသီချင်းစာသားတွေနဲ့ တေးသံရှင် ၀တ်ရည် ထက်ရဲ့ သီဆိုမှုနဲ့အတူ ဇာတ်ဝင်ခန်းပုံရိပ်တွေနဲ့  ပုံဖော်ရိုက်ကူးထားတဲ့ ဒီဇာတ်ဝင်တေး ရုပ်သံဟာ လက်ရှိမှာတော့ ၀င်ရောက်ကြည့်ရှုသူ ၂ သိန်းခွဲကျော်ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013