DVB Logo
Home
မြန်မာသတင်း
ငဖဲမြို့နယ်​  မန်း​ချောင်း မင်းဆည်​အတွင်းမှ စစ်​ကျန်​ အ​မြောက်​ကျည်​ဆန်ဟောင်းများ တွေ့ရှိ
DVB
·
September 12, 2018
ငဖဲမြို့နယ်​  မန်း​ချောင်း မင်းဆည်​အတွင်းမှ စစ်​ကျန်​ အ​မြောက်​ကျည်​ဆန်ဟောင်းများ တွေ့ရှိ
Donate to DVB

မ​ကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်​၊ စစ်​​တောရွာ​တောင်​ဘက်​ မန်း​ချောင်းမင်းဆည်​ထဲ ကနေ စက်​တင်​ဘာလ ၁၁ ရက်​​ မနက်​ ၈ နာရီ​လောက်​က စစ်​ကျန်​ အ​မြောက်​ကျည်​ဆန်ဟောင်း ၁၂ လုံး​တွေ့ရှိခဲ့ပါတယ်​။

အ​မြောက်​ဆံ​ဟောင်း​တွေရှိသူ ဦး​မောင်​​မောင်​​အေးက “လမ်းသွားရင်း ရေထဲမှာ ​ကြေး​ရောင်​​လေး​တွေ​ပေါ်​နေလို့ ​ကောက်​ကြည်​တာပါ။ အစက​တော့ သိမ်​ပန္နက်​ငုတ်​ထင်​ပြီး ​ဖော်​ကြည့်မှ အ​မြောက်​ဆံ​တွေဖြစ်​​နေတဲ့အတွက်​ အုပ်​ချုပ်​​ရေးမှူးကို အ​ကြောင်းကြားခဲ့တာပါ”လို့ ​ပြောပါတယ်​။

ငဖဲမြို့မရဲစခန်းမှ ရဲအရာရှိတစ်​ဦးက"အ​မြောက်​ဆံ ၃လုံး​တွေ့ထားတယ်​လို့ ပန်းထိမ်း အုပ်​ချုပ်​​ရေးမှူးက သတင်း​ပေးတဲ့အတွက်​ ငဖဲမြို့နယ် ​ရဲတပ်​ဖွဲ့မှူး၊ အ​မြောက်​တပ်​ တပ်​ရင်းမှူး၊ အ​ထွေ​ထွေအုပ်​ချုပ်​​ရေးအဖွဲ့​တွေ ပူး​ပေါင်းပြီး သွား​ရောက်​စစ်​​ဆေး​တော့ အ​မြောက်​ကျည်​ဆန် ဟောင်း ၃ လုံးအပြင်​ ​နောက်​ထပ်​ ၉ လုံး စုစု​ပေါင်း ၁၂ လုံး​ တွေ့ရှိသိမ်​ဆည်းခဲ့တာပါလို"ဆိုပါတယ်​။

အဆိုပါစစ်​ကျန်​ အ​မြောက်​ကျည်​ဆန်ဟောင်း​တွေကို အမှတ်​ (၃၇၅) အ​မြောက်​တပ်​မှ တပ်​ရင်းမှူး ဗိုလ်​မှူး ​ဇော်​ဝင်းလွင်​က ယာယီထိန်းသိမ်းထားတယ်​လို့ ငဖဲမြို့မရဲစခန်းက သိရပါတယ်​။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013