DVB Logo
Home
မြန်မာသတင်း
ဆိုင်ကယ်ချင်းတိုက်မိပြီး ထိုင်းဆယ်ကျော်သက် ၁ ဦးနှင့် မြန်မာလုပ်သား ၁ ဦးသေဆုံး
DVB
·
September 12, 2018
ဆိုင်ကယ်ချင်းတိုက်မိပြီး ထိုင်းဆယ်ကျော်သက် ၁ ဦးနှင့် မြန်မာလုပ်သား ၁ ဦးသေဆုံး
Donate to DVB

ထိုင်းနိုင်ငံမှာ ဆယ်ကျော်သက်ထိုင်းကျောင်းသားတဦးနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတဦးတို့ဟာ ဆိုင်ကယ်ချင်းတိုက်မိပြီး နေရာတင် သေဆုံးသွားတယ်လို့ နေးရှင်းသတင်းတပုဒ်မှာ ဖော်ပြပါတယ်။

ဒီအဖြစ်အပျက်ဟာ စက်တင်ဘာလ ၁၁ ရက်ည ၁၀နာရီခွဲလောက်က မောင်ပရာချင်ဘူရီခရိုင်ထဲက လမ်းဆုံလမ်းခွတခုမှာ ဖြစ်ခဲ့တာပါ။

သေဆုံးခဲ့သူ အသက် ၃၁ နှစ်အရွယ် မြန်မာရွှေ့ပြောင်းလုပ်သားရဲ့ အမည်ကို တော့ စောလို့ဖော်ပြထားခဲ့ပြီး သူဟာ ညစာဝယ်ပြီး အပြန်မှာ ခုလိုတိုက်မိခဲ့တာလို့ ဇနီးဖြစ်သူက ပြောပါတယ်။
သူတို့ ဇနီးမောင်နှံဟာ အနီးနားက ငါးကန်တကန်မှာ အတူတူ အလုပ်လုပ်နေကြသူတွေ ဖြစ်ကြပါတယ်။

သေဆုံးခဲ့သူ အသက် ၁၆ နှစ်အရွယ် နော့ပ်ပက်ခွန်ဖိုင်ချန်အမည်ရတဲ့ ထိုင်း ကျောင်းသားလေးရဲ့ ဖခင် ဒမ်ရွန်ဖိုင်ချန်းကတော့ သားဖြစ်သူ ဟာ ဖုန်းငွေဖြည့်ကတ်ဝယ်ဖို့ မိုးထဲလေထဲ ဆိုင်ကယ်နဲ့ သွားခဲ့တာလို့ ပြောပါတယ်။

အခင်းဖြစ်တဲ့ နေရာကို ရဲတွေရောက်ရှိလာချိန်မှာတော့ ၂ ဦးစလုံး သေဆုံးနေတာကို တွေ့ခဲ့ရပြီး သူတို့ ၂ ဦးစလုံးဟာ ဆိုင်ကယ်စီးဦးထုပ်တွေ ဆောင်းမထားခဲ့ကြဘူး လို့ ဆိုပါတယ်။

အခင်းဖြစ်ချိန်မှာ မိုးတွေလည်း သည်းသည်းမဲမဲရွာနေခဲ့ပြီး အမှောင်ထဲမှာ တစီးနဲ့တစီး မမြင်ရပဲ တိုက်မိခဲ့တာဖြစ်နိုင်တယ်လို့ ထိုင်းရဲ့ ယူဆနေပါတယ်။

ဓာတ်ပုံ- The Nation

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013