DVB Logo
Home
မြန်မာသတင်း
သဘာဝဘေးကြောင့် သီးနှံဧက ၆ သိန်းကျော်နှင့် မိုးစပါး ဧက ၄ သိန်းခန့် ပျက်စီး
DVB
·
September 12, 2018
သဘာဝဘေးကြောင့် သီးနှံဧက ၆ သိန်းကျော်နှင့် မိုးစပါး ဧက ၄ သိန်းခန့် ပျက်စီး
Donate to DVB

၂၀၁၈ ခုနှစ်အတွင်း သဘာဝဘေးကြာင့် နိုင်ငံတ၀န်း  သီးနှံမျိုးစုံဧက (၆) သိန်းကျော် ပျက်စီးဆုံးရှုံးခဲ့ရပြီး မိုးစပါး ဧက (၄) သိန်းခန့်  ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က ပြောပါတယ်။

စက်တင်ဘာ ၁၁ရက်က နေပြည်တော်မှာ လုပ်ခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် စိုက်ပျိုးရေးဆိုင်ရာ ထိခိုက်ပျက်စီးမှုတွေ ကူညီဖြည့်ဆည်း ပေးနိုင်ရေး အကြိုညှိနှိုင်း အစည်းအဝေးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

အစိုးရအနေနဲ့ စိုက်ပျိုးစရိတ်ငွေ ကျပ်ဘီလီယံနဲ့ချီပြီး အချိန်မီထောက်ပံ့ပေးခဲ့တယ်လို့လည်း ဒုသမ္မတ က ပြောပါတယ်။

“နိုင်ငံတော်အနေနဲ့ ရေကြီးနစ်မြုပ်ပျက်စီးသွားတဲ့ လယ်ဧကများကို အချိန်မီ ပြန်လည် အစားထိုး စိုက်ပျိုးနိုင်ဖို့  မျိုးစပါးများ၊ ရေနစ်မြုပ်ခံရလို့ ထိခိုက်သွားတဲ့ စပါးခင်းများကို ပြန်လည် ကောင်းမွန်လာစေရန် လိုအပ်တဲ့ သွင်းအားစုတွေဖြစ်တဲ့ ဓာတ်မြေဩဇာများ၊ စိုက်ပျိုးစရိတ် အတွက် ထောက်ပံ့ငွေများကို ဘီလီယံနဲ့ချီပြီး အချိန်မီရရှိအောင် စီမံဆောင်ရွက်ပေး လျက်ရှိပါ တယ်။ အသင်းအဖွဲ့များကလည်း မျိုးစပါးများနဲ့ ဓာတ်မြေဩဇာများကို တတ်နိုင်သလောက် ကူညီပံ့ပိုးပေးနေတာ တွေ့ရှိရပေမယ့် အလုံးစုံပြည့်စုံအောင် ဖြည့်ဆည်းပေးနိုင်တာတော့ မရှိပါဘူး။”

ဒါ့အပြင် သဘာဝ ဘေးအန္တရာယ်ဖြစ်လာမှ ကူညီထောက်ပံ့မယ့်အစား သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှု များကို ဖြည့်ဆည်းထောက်ပံ့ပေးနိုင်တဲ့ ရေရှည်တည်တံ့တဲ့ စနစ်တစ်ခု ဒါမှမဟုတ် အစီအစဉ်တရပ်ကို ဝိုင်းဝန်းဆွေးနွေး အဖြေရှာကြဖို့လည်း ဒုသမ္မတ က တိုက်တွန်းပါတယ်။

အစည်းအဝေးမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာနတို့က ပြည်ထောင်စုဝန်ကြီးတွေလည်း တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်နဲ့ သြဂုတ်လအတွင်း နိုင်ငံတ၀န်း မိုးကြီးလို့ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပြီး  လူဦးရေသိန်းနဲ့ချီ ရေဘေးသင့်ခဲ့ကြပါတယ်။

ဓာတ်ပုံ-MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013