DVB Logo
Home
မြန်မာသတင်း
မဲစာရင်းနောက်ဆုံးအကြိမ်ကပ်ထားပေးမည်၊ မဲဆန္ဒရှင်များလာရောက်ကြည့်ရှုရန်တိုက်တွန်း
DVB
·
September 12, 2018
မဲစာရင်းနောက်ဆုံးအကြိမ်ကပ်ထားပေးမည်၊ မဲဆန္ဒရှင်များလာရောက်ကြည့်ရှုရန်တိုက်တွန်း
Donate to DVB

ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းတွေကို လာမယ့် အောက်တိုဘာ ၁ ရက်ကနေ ၁၄ ရက်အထိ နောက်ဆုံးအကြိမ် ကပ်ထားပေးမှာဖြစ်ပြီး မိမိအမည် မဲစာရင်းမှာ ပါ မပါ လာကြည့်ကြဖို့ ရွေးကောက်ပွဲကော်မရှင်က မေတ္တာရပ်ခံလိုက်ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဟာ ၂၀၁၈ နိုဝင်ဘာလ ၃ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်မဲဆန္ဒနယ် ၁၃နေရာမှာ  မဲဆန္ဒရှင်စာရင်း ရရှိဖို့ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းကို အခြေခံပြီး ပြုစုစိစစ်ခဲ့ပါတယ်။

ပြုစုစိစစ်ပြီး မဲဆန္ဒရှင်စာရင်းကို ပထမအကြိမ်အဖြစ် သြဂုတ် ၇ ရက်ကနေ ၂၂ရက်အထိ  သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွေနဲ့ ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာတွေမှာ ကပ်ထားကြေညာခဲ့ပြီး ဖြစ်ပါတယ်။

မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာစဉ် မဲဆန္ဒရှင်တွေက မဲစာရင်း လာရောက်ကြည့်ရှု မှသာ ပြည့်စုံမှန်ကန်တဲ့ မဲဆန္ဒရှင်စာရင်း ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မဲဆန္ဒရှင်တွေအနေနဲ့  မဲဆန္ဒရှင်စာရင်းကို လာရောက်ကြည့်ရှုပြီး မိမိအမည် မဲစာရင်းမှာ မပါဝင်ရင် ပုံစံ (၃) နဲ့ မဲစာရင်းမှာ အမည်ထည့်သွင်းပေးဖို့ တောင်းဆိုရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် မပါဝင်သင့်သူတွေ ပါဝင်နေရင် ပုံစံ (၄) နဲ့ ကန့်ကွက်တာ၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေရင် ပုံစံ (၄-ဂ)နဲ့  ပြင်ဆင်လွှာ တင်သွင်းတာတွေ လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။

လိုအပ်တဲ့ပုံစံတွေကိုလည်း ရပ်ကွက်/ကျေးရွာအုပ်စု မဲဆန္ဒရှင်တွေအနေနဲ့ မဲစာရင်း လာရောက်ကြည့်ရှုချိန်မှာ မိမိရဲ့ မဲစာရင်းအမှတ်စဉ်ကို မှတ်သားထားခဲ့ရင်  ရွေးကောက်ပွဲနေ့ မဲရုံမှာ မဲလက်မှတ်ထုတ်ယူတဲ့အခါ ပိုမိုမြန်ဆန်ပြီး အချိန်ကုန်သက်သာစေမယ်လို့ ကော်မရှင်က ဆိုပါတယ်။

ပြည့်စုံမှန်ကန်တဲ့ မဲဆန္ဒရှင်စာရင်းရရှိဖို့နဲ့  ရွေးကောက်ပွဲနေ့မှာ လွယ်လွယ်ကူကူ မဲပေးနိုင်ဖို့အတွက် မဲဆန္ဒရှင်တွေအနေနဲ့ အိမ်ထောင်စုတစုကို အနည်းဆုံးတဦး (မပျက်မကွက်) လာရောက်ကြည့်ရှုဖို့၊ မိမိ မဲစာရင်း အမှတ်စဉ်ကို မှတ်သားထားပြီး ပူးပေါင်း ကူညီ ဆောင်ရွက်ပေးကြပါလို့ ရွေးကောက်ပွဲကော်မရှင်က မေတ္တာရပ်ခံထားပါတယ်။

လတ်တလောကြေညာထားတဲ့ မဲဆန္ဒရှင်စာရင်းတွေကိုတော့ လာရောက်ကြည့်ရှု သူနည်းပါးလွန်းနေတယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

သမ္မတဦးဝင်းမြင့်ရဲ့မဲဆန္ဒနယ် တာမွေမြို့နယ်ထုတ်ပြန်ထားတဲ့ မဲဆန္ဒရှင်စာရင်းကို လာကြည့်သူ ၁၄ ရာခိုင်နှုန်းပဲရှိပြီး ဆိပ်ကမ်းမြို့နယ်မှာတော့ မဲဆန္ဒရှင်စုစုပေါင်းရဲ့ ၄၇ရာခိုင်နှုန်းသာ မဲစာရင်းကို လာရောက်ကြည့်ရှုခဲ့လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013