DVB Logo
Home
မြန်မာသတင်း
အိတ်ခ်ျအိုင်ဗွီအကျဉ်းသားများကို အေအာတီဆေးအမြန်ပေးရန် တိုက်တွန်း
DVB
·
September 12, 2018
အိတ်ခ်ျအိုင်ဗွီအကျဉ်းသားများကို အေအာတီဆေးအမြန်ပေးရန် တိုက်တွန်း
Donate to DVB

ဒိုက်ဦးအကျဉ်းထောင်ထဲက  အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံနေရသူ အကျဉ်းသား ၈ ဦးအတွက်  အေအာတီဆေး အမြန်ရရှိအောင် ဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က တိုက်တွန်းလိုက်ပါတယ်။

ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်နဲ့ ဒေါက်တာ ဒေါ်တင်မေထွန်းတို့ပါဝင်တဲ့ အဖွဲ့က ဒိုက်ဦးအကျဉ်းထောင်၊ ကျိုက်စကောစိုက်ပျိုးမွေးမြူရေးနဲ့ အသက်မွေးမှုအတတ်သင်စခန်းကို ကြည့်ရှု စစ်ဆေးခဲ့ပြီးနောက် စက်တင်ဘာ ၁၁ရက်က ကြေညာချက်ထုတ်ပြန်အကြံပြုလိုက်တာ ပါ။

အေအာတီဆေး မရရှိသေးတဲ့ အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံနေရသူ  ၈ ဦးအား ဆေး အမြန်ရရှိရေး ဆောင်ရွက်ပေးဖို့၊ အိတ်ခ်ျအိုင်ဗွီ ပိုးတွေ့ရှိတဲ့ အကျဉ်းသား တဦးကို မိသားစုနဲ့ နီးစပ်ရာ အင်းစိန်ဗဟို အကျဉ်းထောင်သို့ ပြန်လည် ပို့ဆောင်ရေးဖို့လည်း ကော်မရှင်က တိုက်တွန်းထားပါတယ်။

ဒါ့အပြင် တီဘီရောဂါသံသယရှိတဲ့  အကျဉ်းသားတဦးဟာ ဓာတ်မှန် ရိုက်ရာမှာ အဆုတ်မှာ အနာတွေ ပေါ်နေတဲ့အတွက် လိုအပ်သလို ကုသပေးဖို့၊ ပြင်ပမှာ ယာဉ်မတော်တဆမှုနဲ့ ဒဏ်ရာရခဲ့တဲ့ အကျဉ်းသားဟာလည်း  စခန်းမှာ အလုပ်လုပ်ချိန် နာကျင်နေလို့ အကျဉ်းထောင် ဆေးရုံမှာ ဆေးကုသပေးဖို့နဲ့ လေဖြန်းရောဂါ ဖြစ်နေတဲ့ အကျဉ်းသားကို အကျဉ်းထောင်သို့ ပို့ဆောင်ပြီး ပြန်လည် ကုသရေးဆောင်ရွက်ပေးဖို့ လည်း တိုက်တွန်းပါတယ်။

ခြေထောက်မှ ခွဲစိတ်ဒဏ်ရာ ထပ်မံ ခွဲစိတ်ဖို့လိုတဲ့ အကျဉ်းသားကို အကျဉ်းထောင်ဆေးရုံသို့ ပြောင်းရွှေ့ပေးဖို့၊  မျက်လုံးရောဂါဖြစ်တဲ့ အကျဉ်းသားကို ကုသပေးဖို့၊ အူကျ၊ သွေးတိုးနဲ့ လိပ်ခေါင်းရောဂါဖြစ်နေတဲ့ အကျဉ်းသားကို ဆေးရုံတက် ရောက်ကုသ နိုင်ရေးဆောင်ရွက်ပေးဖို့၊ ညာဒူးစတီးရိုးထည့်ထားတဲ့ အကျဉ်းသားကို  ဆေးရုံနဲ့နီးတဲ့ ပဲခူးအချုပ် ထောင်သို့ပြောင်းရွှေ့ပေးဖို့နဲ့ အကျဉ်းသား အများစုရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းနေတာကို တာဝန်ရှိသူတွေက ကြပ်မတ်ဆောင်ရွက်ပေးဖို့လည်း အကြံပြုပါတယ်။

ဒါ့အပြင် အကျဉ်းသားအိပ်ဆောင်မှာ  သွယ်တန်းထားတဲ့ လျှပ်စစ်မီးကြိုးတွေ ရှုပ်ထွေးနေတာကို ပြုပြင်ဖို့၊ ညမိလ္လာသန့်ရှင်းရေးနဲ့ ရေသန့်ဘူး သန့်ရှင်းရေး ဆောင်ရွက်ပေးဖို့ အကျဉ်းထောင်ထဲ သတင်းစာ၊ ဂျာနယ်တွေကို လွတ်လပ်စွာဖတ်ရှုခွင့်ပေးဖို့နဲ့ ကျိုက်စကောစိုက် မွေးစခန်းမှာ ရပ်ဝေးမှ အကျဉ်းသားမိသားစုတွေ ညအိပ်လာရောက် တွေ့ဆုံသူတွေအတွက် နားနေဖို့ နေရာ စီစဉ်ပေးဖို့လည်း ကော်မရှင်က တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013