DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၇၀၀ ကျော်ရှိပြီး ၁ ဦး သေဆုံး
DVB
·
September 11, 2018
ရခိုင်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၇၀၀ ကျော်ရှိပြီး ၁ ဦး သေဆုံး
Donate to DVB

ရခိုင်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ဒီနှစ်ဖေဖော်ဝါရီလကစလို့ စက်တင်ဘာ ၁၁ ရက်အထိ ၇၁၀ ဦးရှိခဲ့ပြီး ၁ ဦးသေဆုံးသွားတယ်လို့ ပြည်နယ်ကျန်းမာရေး ဌာနက သိရပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အများဆုံး မြို့နယ်တွေကတော့ သံတွဲမြို့နယ်၊ စစ်တွေမြို့နယ်၊ မြေပုံမြို့နယ်နဲ့ တောင်ကုတ်မြို့နယ်တွေမှာ အဆုံးဖြစ်ပွားခဲ့ကြတာပါ။

ဒီအရေအတွက်ဟာပြီးခဲ့တဲ့ ၂၀၁၇ခုနှစ်တုန်းက ရခိုင်မှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုထက် လျှော့ကျသွားတာဖြစ်တယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနက ကျန်းမာရေးဦးစီးဌာနမှူး  ဒေါက်တာ ကြည်လွင်ကပြောပါတယ်။

မနှစ်က ရခိုင်ပြည်နယ်မှာ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၂၅၆၆ ဦးရှိခဲ့ပြီး သေဆုံးသူ၂၆ ဦးအထိရှိခဲ့တာပါ။

ဒီလိုသွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကျဆင်းလာတာဟာ ရခိုင်ပြည်နယ်အတွင်း မိုးရာသီမရောက်ခင်ကတည်းက ခြင်နဲ့ ပိုးလောက်ကောင်တွေ နှိမ်နင်းရေး ပိုမို လုပ်ဆောင်ခဲ့တာကြောင့်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ဆိုပါတယ်။

၂၀၁၈ ဇန်နဝါရီ ၁ ရက်ကစလို့ စက်တင်ဘာလ ၁၁ ရက် အထိ ရခိုင်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ အများဆုံးမြို့နယ်တွေကတော့ စစ်တွေမြို့နယ်မှာ ၁၆၈ ဦးနဲ့ သံတွဲမြို့နယ်မှာ ၁၉၆ ဦးနဲ့သေဆုံး ၁ ဦးရှိခဲ့ပါတယ်။

ဒါ့အပြင် တောင်ကုတ်မြို့နယ်မှာ ၇၀ ဦးနဲ့ မြေပုံမြို့နယ်မှာ ၇၂ ဦး၊ ပေါက်တောမြို့နယ် ၆၀ ဦးတို့မှာ  အများဆုံးဖြစ်ပွားတဲ့ မြို့နယ်တွေဖြစ်ပါတယ်။

သွေးလွန်တုပ်ကွေးဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပြီး အထူးသဖြင့် ရခိုင်ပြည်နယ် အတွင်း ဆေးရုံတွေမှာ အသက် ၁၅ နှစ်အောက် ကလေးတွေ အများဆုံးဖြစ်ပွားပါတယ်။ အခုနောက်ပိုင်းမှာ သွေးလွန်တုပ်ကွေးရောဂါဟာ အခြေခံလူတန်းစား ကလေးငယ်တွေ ပိုအဖြစ်များပြီး လူကြီးပိုင်းတွေလည်းပါဝင် လာနေပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားပြီး လူတွေသေဆုံးမှုတွေဖြစ်ရတာဟာ ဆေးရုံ၊ ဆေးခန်းတွေကို လူနာ ပို့တာ နောက်ကျတာကြောင့်လည်းပါတယ်လို့ ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူးက ဆိုပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013