DVB Logo
Home
မြန်မာသတင်း
ပူတာအိုဒေသတွင် တောင်ကျချောင်းရေကြောင့်  ရေလျှံ၊ လယ်ဧက ၁၀၀ ခန့်ပျက်စီး
DVB
·
September 11, 2018
ပူတာအိုဒေသတွင် တောင်ကျချောင်းရေကြောင့်  ရေလျှံ၊ လယ်ဧက ၁၀၀ ခန့်ပျက်စီး
Donate to DVB

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်း ရက်သတ္တပတ်ကြာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ချောင်းရေမြင့်တက်လို့ စက်တင်ဘာ ၉ ရက်နေ့က ကျေးရွာ ၁၀လောက် ရေကြီးရေလျှံကာ လယ်ဧက ၁၀၀ လောက် ပျက်စီးသွားပါတယ်။

ပူတာအိုအထက်ပိုင်းရှိ ဆန်ဂေါင်ချောင်း၊ နမ်ပလပ်ချောင်း၊ မူလာချောင်းရေတွေ တက်လာပြီး အထက်ဆန်ဂေါင်၊ အောက်ဆန်ဂေါင်၊ ၀မ်ခိုင်၊ ဖန်ခိုင်၊ မုံလာရှီးဒီ၊ ဝါဆားရ်၊  မုံငူရ် ၊ ပူတောင်း၊ မုဒုံ အစရှိတဲ့ ကျေးရွာတွေ ရေဘေးသင့်ခဲ့တာလို့ အဲဒီဒေသကို သွားရောက်ခဲ့တဲ့ ပူတာအိုဒေသခံ ဦးအောင်ခမ်းက ပြောပါတယ်။

“ဒီအထက်ဆန်ဂေါင်မှာ အိမ်က ၂ လုံးပါသွားတယ်။ ပြီးတော့ လယ်တောတွေက တော်တော်လေးကို ပျက်စီးသွားတယ်။ ဧက ၁၀၀ နီးပါးရှိမယ်။ တချို့ဆည်မြောင်း လည်းပျက်စီးသွားတယ်။ တံတားတချို့ပျက်စီးတယ်။ အဓိကက တောင်ကျရေ ကြောင့်မို့ ပျက်စီးသွားတာပေါ့။ လူတွေကတော့ တခြားအိမ်တွေကို ရှောင်သွားတာ။ ကြက်ဝက်တွေတော့ တော်တော်ပါသွားတယ်။ ”

မနေ့မနက် ၁၀ နာရီလောက်မှာ မူလာရှီးဒီကျေးရွာက မူလတန်းKG တက်နေတဲ့ မောင်ကျော်ဆာဆဲဆိုတဲ့ ကလေးငယ်တယောက် ဆည်မြောင်းရဲ့ ရေထဲ မျောပါသေဆုံးသွားပြီး အလောင်းကိုတော့  ပြန်ရှာတွေ့ခဲ့ပါတယ်။

ဒ့ါအပြင် ရေကြီးရေလျှံမှုကြောင့် လမ်း၊ တံတားတွေပျက်စီးတဲ့အတွက် သွားလာဖို့ အခက်အခဲတွေ့သလို  နေအိမ်အတော်များများရေဘေးသင့်ပြီး စပါးကျီတချို့ရေ၀င် ပျက်စီးတဲ့အ တွက်လည်း ဒေသခံတွေ စားသောက်ဖို့ အခက်အခဲ ရှိလာနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013